Part 4

142 13 8
                                    

• • Part 4 • •

" ဟင် ! ! 😢 ကျနော်မလိုက်ဘူး လွှတ်ပေးပါ•••"

" လိုက်ရမယ် "

" ဟင့် အင်း•• ခင်များ ဘာလုပ်ဖို့လဲ ကျနော် မလိုက်ဘူး လွှတ်ပေးပါနော် 😭"
တည် ထိုက် ကိုတော်တော်ကြောက်သွားတယ်ထင်တယ် ထိုက် ရဲ့လက်ကနေမလွတ် လွှတ်အောင်ရုန်းနေသည် ။
ရုန်းနေရင်းမှ ထိုက် ပြောလိုက်တဲ့စကားကြားကာငြိမ်ကျသွားပြန်သည်။

" ငြိမ် ငြိမ်လိုက်ရင် ဘာမှမဖြစ်ဘူး မငြိမ်ဘူးဆိုရင်တော့ တခုခုဖြစ်နိုင်တယ် "

တည် ငြိမ်သွားတော့မှ ထိုက် တည်ကိုကြည့်လိုက်တော့
ကြောက်သွားတယ်ထင်တယ် မျက်ရည်တွေပါထွက်လို့ နှာခေါင်းလုံးလုံးလေးကလဲ ငိုထားတာကြောင့်နီရဲနေပြီးနှုတ်ခမ်းလေးကလဲ စိုစွတ်လို့ လက်ဖဝါးတွေပါနီလို့ ••

ထိုက် တံတွေး တချက်မြိုချကာ လည်ပင်းနားက အရိုးလေးတွေဆီကြည့်လိုက်တော့ ရုန်းထားတာကြောင့် လည်ရိုးလေးကနီရဲလို့နေတယ် • • •

* ထိုက် မင်းဘာတွေတွေးနေတာလဲကွာ စိတ်ထိန်း စိတ်ထိန်း *

ထိုက် ချောင်းတချက်ဟန့်ကာ

" ဟင့် ငါက မင်းကိုဘာမှမလုပ်ဘူး ငါ့သူငယ်ချင်းတစ်ယောက်ဆီသွားမို့ အဲ့တာ လိုက်ခိုင်းတာ မင်းကငါ့အတွင်းရေးမှူးဆိုတော့ မင်းပါလိုက်ခဲ့ရမယ်လေ "

ထိုက် ပြောလိုက်မှ တည် သက်သာတော့တယ် နောက်မို့ဆို ထိုက် ဘာမှတောင်မလုပ်ရသေးဘူးအပြောနဲ့ကိုကြောက်နေပြီးလေ တကယ်လုပ်လိုက်ရင်တော့ တည် ဘဝမတွေးရဲစရာတွေပါဖြစ်ကုန်မယ်လေ ။

" သူ​ေဋ္ဌးလေး ရောက်ပါပြီ "

ထိုက် Driverလေးခေါ်မှသတိပြန်ဝင်လာကာ တည် ကိုပေါင်ပေါ်မှာတင်ထားလျှက်

" အေ မင်းကဒီမှာဘဲစောင့်နေ တည် မင်းလိုက်ခဲ့ "

" ဟို သူ​ေဋ္ဌး ကျနော်မလိုက်တော့ဘူး ဒီ•• ဒီအကိုနဲ့ဘဲနေခဲ့လိုက်ပါ့မယ် "(ခလေးရယ် အပေါ်မှာဘဲရှိသေးတယ်လေ သတိထားပါအုံး " ပေါင် " )

" မင်းကိုအမိန့်ပေးနေတာ လာလိုက်ခဲ့ "
ထိုက် ပေါင်ပေါ်က တည်ကို အောက်ချပေးကာ အနောက်ကလိုက်စေသည် ။

• ခင်များကိုကြောက်တယ် •Where stories live. Discover now