• • Part 15 • •
ထိုက် နဲ့ တည် ပွဲမှာရှိနေတဲ့လူတိုင်းရဲ့မျက်လုံးတွေကိုဖမ်းစားနိုင်ခဲ့တယ် ။ တချို့တွေက အားကျတဲ့အကြည့်တွေ ၊ တချို့တွေက အထင်သေးတဲ့အကြည့်တွေ ၊ တချို့တွေက လိုက်ဖက်ပြီးချစ်ဖို့ကောင်းကျတယ်ဆိုတဲ့အကြည့်တွေ ၊ ထိုက် ရဲ့လုပ်ငန်းအသစ်စတဲ့ပွဲရော တည် ကိုအားလုံးရှေ့မှာချပြချင်တာရောပါတာကြောင့် ထိုက် ဒီပွဲကိုလူတွေအများကြီးကိုဖိတ်ထားတာသည် ။ တည် ကလူများရင်ကြောက်တက်ပေမဲ့လည်း တည် ကို ထိုက် တရားဝင်ပိုင်တယ်ဆိုတာကိုချပြချင်သေးသည် ။
" ကိုကို လူတွေအများကြီးဘဲ ကျနော်ကားထဲမှာဘဲနေလိုက်တော့မယ်လေနော် "
" ကိုယ် ကအားလုံးကိုပြောထားပြီးသား ဒီနေ့ Babe လာမယ်ဆိုတာကို "
" ဟင် ! ဘယ်ချိန်ပြောလိုက်တာလဲ "
" ထားပါ ကိုယ့် လက်ကိုချိတ်ထားနော် "
" ဟုတ် ကိုကို "
ထိုက် တည် ကိုပွဲထဲကိုခေါ်လျှက် လူအများရဲ့ရှေ့တွင် •••
" အခုလိုကျနော့်ရဲ့ ကုမ္ပဏီဖွင့်ပွဲကိုကြွရောက်လာပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ် "
လူကြီးမင်းတစ်ဦးက ထိုက် ရဲ့စကားကိုထောက်ခံကာ • •
" ရပါတယ် ကျနော်တို့ကလည်း လူကြီးမင်းနဲ့အလုပ်တွဲလုပ်ချင်နေတာပါ "
ထိုလူကြီးမင်းက ထိုက် နဲ့အလုပ်တွဲလုပ်ချင်နေတယ်ဆိုတော့ ထိုက် နဲနဲအံ့သြသွားသည် ။ ထိုက် ကအခုမှအလုပ်ကိုစလုပ်မှာ အရင်ကတော့သူ့အဖေက တခြားလုပ်ငန်းရှင်တွေနဲ့မိတ်ဆက်ထားပေးတာကြောင့် တချို့ကို ထိုက် သိနေပြီးသား ။ ဒါပေမဲ့ ထိုက် ထိုသူ့ကိုမသိပါ ။ ဒါပေမဲ့လည်း ထိုက် နဲ့ရွယ်တူဘဲထင်ရတာကြောင့် လုပ်ငန်းရှင်ကြီးတစ်ဦးရဲ့သားဖြစ်မှာဘဲလို့ဘဲ ထိုက် တွေးလိုက်သည် ။
" ကျနော်လည်း လူကြီးမင်းတို့နဲ့အလုပ်တွဲလုပ်ချင်ပါတယ် အခုပြောချင်တာက အားလုံးသိကြတဲ့အတိုင်း ဒါကတော့ ကျနော့်ရဲ့ ခင်ပွန်းပါ "
ထိုက် အနောက်မှာပုန်းနေတဲ့ တည် ကို သူ့အရှေ့ပို့ကာအားလုံးနဲ့မိတ်ဆက်ပေးလိုက်သည် ။ တည် လူအများကြီးရှေ့မှာမို့ဘာပြောရမှန်းမသိဖြစ်နေသည် ။
YOU ARE READING
• ခင်များကိုကြောက်တယ် •
Action• ခင်များကိုကြောက်တယ် • အမြဲတမ်းဆိုးသွမ်းနေတဲ့ကောင်လေးတစ်ယောက်ကိုလိမ်မာစေတာကလဲ ကောင်လေးတယောက်ဆိုတာဘယ်သူကသိမှာလဲ•• အမည် - လျှံမင်းထိုက် အသက် - 24 အလုပ်အကိုင် - ထိုက် စိန်ကြောက်မြတ် ကုမ္ပဏီပိုင်ရှင် (မဟုတ်သေးပါဘူး သူေဋ္ဌးလောင်းပေါ့ နောက်မှဖြစ်မှာလေ)...