• • Part 14 • •
ထိုက် တို့လင်လင်နှစ်ယောက်လည်းမနက်ပိုင်းကို ဧည့်ခန်းလေးမှာထိုင်ကာ နေ့လည်ရောက်တော့ ထိုက် ကအပြင်မှာနေ့လည်စာသွားစားကြမယ်လို့ပြောတော့ တည် မလိုက်ချင်ပေမဲ့ ထိုက် ကငြင်းလည်းမရတာကိုသိနေတာကြောင့် တည် လိုက်မယ်လို့ပြောကာ နေ့လည်စာကိုအပြင်မှာသွားစားကြသည် ။
ထိုက် ကကားမောင်းလျှက် • • •" Babe ဘယ်မှာသွားစားချင်လည်း Babe • • • "
" ဟင်• • ဟင် ကိုကို ကြိုက်တဲ့ဆိုင်သွားပါ ကျနော်ကရပါတယ် •••• "
ထိုက် ကားစမောင်းထဲက တည် မျက်နှာမကောင်းဘူး ။ အခုလည်းဘယ်မှာစားမလည်းမေးပြန်တော့လည်း အာရုံမရဘူးဖြစ်နေတယ် ။ တည် နဲ့ပက်သက်လာရင်အရာရာဂရုစိုက်တဲ့ ထိုက် ကစိုးရိမ်လာကာ
" Babe ကိုယ့် ကိုအမှန်တိုင်းပြော Babe ဘာဖြစ်နေတာလဲ မျက်နှာလည်းမကောင်းဘူး "
" ကျနော်••••ကျနော် ဘာမှမဖြစ်ပါဘူး ကိုကို "
တခြားလူသာဆို ထိုက် ဆက်မေးနေမှာမဟုတ်ဘူး ဒါပေမဲ့ သူ့အသက်ထက် ချစ်ရတဲ့ သူ့ရဲ့ ခလေး လေး ဖြစ်နေတာကြောင့် တည် မဖြေချင်လည်း ထိုက် ဆက်မေးနေမှာဘဲ ။
" ကိုယ့် ကိုပြောပါ Babe ဘာဖြစ်နေတာလဲ "
" ဟို•••• ကိုကို "
တည် ပြောလည်းပြောချင်သည် ။ပြောလိုက်ရင်လည်း ထိုက် တမျိုးထင်မှာဆိုးတာကြောင့်မပြောဖို့ဆုံးဖြတ်လိုက်ပေမဲ့
" Babe ကိုယ့် ကိုပြောလို့ရတယ် ဘယ်ကိစ္စမဆို "
ထိုက် တည် ရဲ့မျက်နှာညှိုးနေတာကိုတော်တော်စိတ်မကောင်းဖြစ်နေသည် ။ သူ့ကိုယ်သူလည်းတော်တော်ဒေါသထွက်နေပြီး ။
တည် ထိုက် ကိုတချက်ကြည့်လိုက်သည် ။ မျက်နှာပေါ်ကအမူအရာတွေက သူ့ ကိုဘယ်လောက်စိုးရိမ်နေလည်းဆိုတာကိုဖော်ပြနေတယ် ။ ဒါကြောင့် တည် ပြောဖို့ဆုံးဖြတ်လိုက်သည် ။" ဟိုအရင်တခါလို အကြွေး••• "
ထိုက် ခုမှစိတ်အေးတော့သည် ။ ဘာမှမပြောပလောက်တွေအကြွေးသမားတွေကိုတွေးနေတာကို လက်စသတ်တော့•••။
YOU ARE READING
• ခင်များကိုကြောက်တယ် •
Action• ခင်များကိုကြောက်တယ် • အမြဲတမ်းဆိုးသွမ်းနေတဲ့ကောင်လေးတစ်ယောက်ကိုလိမ်မာစေတာကလဲ ကောင်လေးတယောက်ဆိုတာဘယ်သူကသိမှာလဲ•• အမည် - လျှံမင်းထိုက် အသက် - 24 အလုပ်အကိုင် - ထိုက် စိန်ကြောက်မြတ် ကုမ္ပဏီပိုင်ရှင် (မဟုတ်သေးပါဘူး သူေဋ္ဌးလောင်းပေါ့ နောက်မှဖြစ်မှာလေ)...