Part 7

145 17 15
                                    

• • Part 7 • •

" လာ •• ထိုင် လှသွေး "

" အေးပါ ထိုင်ပါ့မယ် နင်ကလဲ 😊 "

"  ငါတို့တွေ ၉တန်းလောက်ထဲက ကွဲသွားတာအခုမှပြန်ဆုံတော့ပျော်လို့ပါဟယ် "

" အင်းပါ ငါလဲပျော်ပါတယ် နင် ရော အဆင်ပြေလား ကလျာ  "

" ပြေပါတယ်  နင်ရောဟိုကောင် အောင်မျိုး ရဲ့ ဒုက္ခတွေခံနေရတုန်းဘဲလား  "
(ဦးအောင်မျိုး = တည်ရဲ့အဖေပါ )

" သူမရှိတော့ဘူး  တည် ၁၂နှစ် လောက်မှာဆုံးသွားတယ် "

" အော် သူလဲဝဋ်ကျွတ်သွားတာပေါ့  ဒါတွေထား ငါတို့သားတွေကိစ္စဆွေးနွေးကြမယ် "

"  တော်သေးတာပေါ့  သားတွေအကြောင်းသတိရလို့ "

ဦးထိုက်လျှံမှ အရှေ့က ငယ်သူငယ်ချင်းနှစ်ယောက်အားစလိုက်သည် ။

" အကိုကလဲ ကျမတို့တွေက ခုမှပြန်တွေ့ရလို့ပျော်နေတာပါ "

" ကောင်းပါပြီး ကောင်းပါပြီး "
ဦးထိုက်လျှံမှသူ့မိန်းမကိုမနိုင်တော့လို့ အရှုံးပေးပါပြီးဆိုတဲ့အကြည့်နဲ့ကြည့်ကာပြန်​ပြောလိုက်သည် ။

" ကောင်းပါပြီး လုပ်မနေနဲ့အုံး  ထိုက် ကိုတွေ့အောင်ရှာပါအုံး "

" အင်း ထိုက် ရဲ့သူငယ်ချင်းတွေနဲ့အကိုသွားရှာလိုက်မယ်နော် "

" အင်းးးး "
ဦးထိုက်လျှံ လည်း အာကာ တို့နဲ့ ထိုက် ကိုရှာရန်ထွက်သွားသည် ။

" ဘာမှစိတ်မပူနဲ့နော် လှသွေး ငါတို့အကောင်းဆုံးလုပ်ပေးပါ့မယ် "

" အင်းပါ  ဒါပေမဲ့ ငါ့သား အခုဘယ်လိုနေမလဲ စိတ်ပူတယ် "
( တည် ကို ထိုက် က ကိုယ်ဖိရင်ဖိ စောင့်ရှောက်ထားပါတယ်အန်တီစိတ်မပူပါနဲ့ 😊 )

"  အင်းပါ   နင်စိတ်ပူနေမယ်ဆိုတာသိပါတယ်  ထိုက် ပြန်လာမှငါသေချာဆုံးမလိုက်မယ် နင်တအားကြီးစိတ်မပူပါနဲ့နော် "

" အေးပါ ကလျာရယ် "

______________________________

" အာကာ ထိုက် ဘယ်သွားမယ်လို့ပြောသွားလဲ "

" ဟုတ် ဦးလေး ထိုက်ကသူတို့ပြန်လာခဲ့မယ်လို့မှာသွားတယ် ဘယ်နေရာသွားမယ်လို့တော့ပြောမသွားဘူး "

• ခင်များကိုကြောက်တယ် •Where stories live. Discover now