Part 10

83 7 0
                                    

• • Part 10 • •

တည် နဲ့ရှိနေတဲ့အချိန်တိုင်းဟာ ထိုက် အတွက်အရမ်းကြည်နူးဖို့ကောင်းသည် ။ အခု ထိုက်ကိုသွားမေးကြည့်ပါလား တည် နဲ့ ထိုက်အရမ်းလိုချင်နေတဲ့အရာတစ်ခုနဲ့ လဲမလားလို့ ။ ထိုက် ကကျိန်းသေပြန်ပြောလိမ့်မယ် သူ့ဘဝမှာ တည် ဖြစ်ပေါ်လာတဲ့အချိန်ကစပြီး တခြားဟာတွေကိုသူစိတ်မဝင်စားတော့ဘူး လို့ပြန်ဖြေလိမ့်မယ် ။ ထိုက် ဘဝမှာဘယ်သူ့ကိုမှ စိတ်မဝင်စားခဲ့ဘူး • • • ဒီခလေး လေးကပထမဦးဆုံးနဲ့နောက်ဆုံးသော ထိုက် ရဲ့ အချစ်လေး ။

" ကိုကို  ကိုကို ဟဲ့လူ !  !  "

ထိုက် အတွေးတွေထဲနစ်မြောနေရာမှ တည် ခေါ်မှဘဲအတွေးတွေကိုလက်စသတ်လိုက်တော့တယ် ။

" ဟင် အော် sorry ကိုယ်မကြားလိုက်လို့ပါ "

" ဘာတွေစဥ်းစားနေလို့လဲဟင်  အာ• • မဖြေလဲရပါတယ် ကျနော်ကဒီအတိုင်း မေးလိုက်တာပါ တောင်းပန်ပါတယ် "

တည်  ကလဲ ထိုက် ကိုချစ်နေတဲ့သူဘဲမဟုတ်လား သူ့ကိုပေါင်ပေါ်တင်ပြီးတခြားလူအကြောင်းကိုစဥ်းစားနေတယ်ဆိုတဲ့ခံစားချက်ကြီးကတော့ တည် ကိုဝမ်းနည်းသွားစေသည် ။ ထိုက် ရဲ့ရှေ့မှာမျက်ရည်မကျချင်တာကြောင့် ခေါင်းကိုအောက်ငုပ်ထားလျှက် မျက်ရည်များကိုဖုံးကွယ်ထားတာပေါ့ ။

ထိုက်ဝမ်းသာသွားသည် ။ သူ့ရဲ့အကြောင်းကို တည် က စိတ်ဝင်စားတယ်ဆိုတာသိလိုက်ရတော့ အရမ်းပျော်သွားသည် ။ ဒါပေမဲ့ တည် ကမေးပြီးတာနဲ့ခေါင်းကိုငုပ်လိုက်တာမို့ ထိုက် တည် ရဲ့ခန္နာကိုယ်လေးကိုလှည့်ကာသူ့အပေါ်မှာခွထိုင်စေပြီး မေးစေ့လေးကိုကိုင်လျှက် မျက်နှာလေးအားပြန်မော့စေသည် ။

" ဘာလို့တောင်းပန်တာလဲ ကိုယ့်ရဲ့ဘယ်ကိစ္စမဆို သိခွင့်ရှိပါတယ် နောက်တခါဆိုရင် အဲ့လိုမလုပ်ရဘူးနော် အဲ့ဒါကြီးက ကိုယ့်ကိုခံစားရစေတယ် "

" ဟုတ် • • "

" သိချင်သေးလား ကိုယ်ဘာတွေစဥ်းစားနေတယ်ဆိုတာ "

တည် က ရှက်ပြုံးလေး ပြုံးပြီးခေါင်းလေးငြိမ့်ကာပြန်ဖြေသည် ။

• ခင်များကိုကြောက်တယ် •Where stories live. Discover now