• • Part 6• •
မနက် 7နာရီသို့ •••
ထိုက် ဒီနေ့အစောကြီးနိုးနေတယ်လေ အကြောင်းကတော့တည် ကို သူ သွားကြိုချင်နေပြီး ၊ တည် ရဲ့မျက်နှာလေးကိုလည်း သူ မြင်ချင်နေပြီးလေ ။
" ဒီနေ့မှဘဲ ဒီနာရီစုတ်ကလဲ 8 နာရီထိုးဖို့ကိုကြာနေတယ် ဟူးးး မထူးတော့ပါဘူး အခုဘဲသွားခေါ်လိုက်တော့မယ်ကွာ • • "
အချိန်တွေကိုဂရုမစိုက်တဲ့ ထိုက် ကဒီကောင်လေးနဲ့တွေ့မှဘဲ
အချိန်တွေအကြောင်းကိုနားလည်လာသည် ။အချိန်ခနလေး
ကိုတောင်မစောင့်နိုင်ဘဲ ချစ်ရသူရဲ့မျက်နှာလေးကိုတွေ့ရဖို့
ထိုက်စံအိမ် ကြီးကိုစွန့်ခွာကာ တည် ရဲ့အိမ်ရှေ့သို့ ကားလေး
မောင်းရင်း အပျော်လေးတွေ တွေးရင်းထွက်လာလိုက်သည် ။" ဟင် အိမ်တံခါးကဘာလို့သော့ပိတ်ထားတာလဲ တည် တို့ကအစောကြီးဘယ်သွားနေတာလဲ "
ထိုက် တည် တို့အိမ်ရှေ့ရောက်တော့အိမ်တံခါးကြီးပိတ်ထားတာကြောင့် ခန စဥ်းစားရခက်နေသည် ။
ဘေးအိမ်ကအဒေါ်တစ်ယောက်ထွက်လာတာမို့ ထိုက် ခေါ်ကာ •••" အဒေါ် ဒီအိမ်ကလေ ဘယ်ကိုသွားကြတာလဲ ဟင် "
" အော် အဲ့တာက ••• "
အဒေါ်က ထိုက် ကိုမယုံသလိုအကြည့်နဲ့ကြည့်နေတာကြောင့် ထိုက် ဒေါသထွက်ပေမဲ့ သူရဲ့အဖြေကိုသိချင်နေတာမို့ ထိုက် အေးဆေးဘဲပြန်ပြောလိုက်သည် ။
" ဟုတ်အဒေါ် ကျနော်က တည် ရဲ့သူေဋ္ဌးပါ အဒေါ်ယုံကြည်လို့ရပါတယ် "
" ဘယ်သွားမယ်လို့တော့ပြောမသွားဘူးကွယ် ၆ နာရီလောက်ကသူတို့သားအမိနှစ်ယောက် အပြင်ထွက်သွားတာတွေ့လိုက်တယ် "
" အော် ဟုတ် အဒေါ် ကျေးဇူးပါ "
ထိုက် အဖြေသိပြီးတာတဲ့ ကားပေါ်ကိုတက်ကာ driverကို ထိုက် အရင်က တစ်ယောက်ထဲသီးသန့်နေတဲ့ အိမ်ကြီးကိုမောင်းခိုင်းလိုက်သည် ။
ထိုက် ၈ နာရီထိုးမှဘဲ ကုမ္ပဏီကိုပြန်သွားမယ်ပေါ့ အဲ့အချိန်ဆိုတည်လဲ ကုမ္ပဏီကိုရောက်နေလောက်ပြီးအထင်နဲ့ ထွက်လာလိုက်သည် ။
စံအိမ်က မြို့ပြင်ဖြစ်နေတာကြောင့် ကားဂိတ်အရှေ့ကဖြတ်ရသည် ။
ကားဂိတ်မှာမထင်မှတ်စွာဘဲ တည် ကိုတွေ့လိုက်တာမို့ ထိုက် ဒေါသထွက်ကာ တည် ရှိရာနေရာသို့ ထွက်လာလိုက်သည် ။

YOU ARE READING
• ခင်များကိုကြောက်တယ် •
Aksiyon• ခင်များကိုကြောက်တယ် • အမြဲတမ်းဆိုးသွမ်းနေတဲ့ကောင်လေးတစ်ယောက်ကိုလိမ်မာစေတာကလဲ ကောင်လေးတယောက်ဆိုတာဘယ်သူကသိမှာလဲ•• အမည် - လျှံမင်းထိုက် အသက် - 24 အလုပ်အကိုင် - ထိုက် စိန်ကြောက်မြတ် ကုမ္ပဏီပိုင်ရှင် (မဟုတ်သေးပါဘူး သူေဋ္ဌးလောင်းပေါ့ နောက်မှဖြစ်မှာလေ)...