Part 8

131 10 4
                                    

• • Part 8 • •

" တည် Babe ထတော့လေ  ည ၇နာရီတောင်ထိုးနေပြီး တည် "

" ဟင် , အင်းးး ကျနော်အိပ်ပျော်သွားတာလား "

" အင်း ကိုယ့်ရဲ့ ခလေး လေးက ကိုယ့်ကြောင့်ပင်ပန်းသွားရတာပါ "

" အာ ခင်များဘာတွေပြောနေတာလဲ ရှက်စရာကြီး "

" ကိုယ်ပြောတာက ရိုးရိုးသားသားပါ Babe ကတစ်မျိုးတွေထင်နေတာ "

ထိုက် ညစ်ကျယ်ကျယ်အပြုံးကြီးပြုံးပြီးစလိုက်တော့ တည် ရှက်ကာ မျက်နှာလေးပါပန်းရောင်သန်းသွားသည် ။

* တည် နေရခက်နေသည် ။ဒါပေမဲ့လည်း တည် လည်းသူ​ေဋ္ဌးလေးကိုချစ်နေတာဘဲလေ တချိန်မှာထားသွားခဲ့ရင် တည် ကနေခဲ့ယုံဘဲပေါ့ ။အခုတော့ ဒါတွေကိုခဏမေ့ပြီး အခုလက်ရှိကိုဘဲ ရင်ဆိုင်ရအုံးမယ်လေ *

တည် အတွေးများကိုလက်စသပ်ကာ• • •

" ကျနော် •• ကျနော် ရေချိုးချင်တယ် "

" ချိုးလေ ဟိုမှာရေချိုးခန်း အထဲမှာ ဝင်ချိုးလိုက်ပြီးမှ ကိုယ်လာခေါ်ပေးမယ် "

" ဟို • • ဟို  ကျနော်မှမထနိုင်တာလို့ ဟင့်•••ဟင့် •• ဟင့်•• "

" ကိုယ်မေ့သွားတယ် sorry ပါbabe ကိုယ်ချီသွားမှာပေါ့ "

" ဟီးးး ဟုတ် ရော့  "

ထိုက် ကို တည် လက်နှစ်ဖက်ကမ်းပေးကာချီခိုင်းလိုက်တော့ ထိုက် ကအလိုက်သင့်လေးပွေ့ချီလိုက်သည် ။
ထိုက် ရဲ့ပုခုံးလေးပေါ်ခေါင်းလေးစောင်းကာ တည် ရဲ့နှုတ်ခမ်းလေးတွေကလည်း အငြိမ်မနေဘဲ ထိုက် ပုခုံးတွေကိုလိုက်ကိုက်နေသည် ။

" ဟင် babe အသားတွေကဘာလို့ပူနေတာလဲ  ပြပါအုံးနှဖူး လေးကို "

ထိုက် က တည် ကိုချီထားလျှက် နှဖူးလေးကိုစမ်းကြည့်ကာ

" ဖျားချင်နေပြီး ထင်တယ် မဖြစ်ဘူး ဆရာဝန်ပြရမယ် "

တည် ဆရာဝန်ဆိုတာကြားသည်နှင့်တချက်လန့်ကာ သူ့ရဲ့ကိုကို  ကိုစချွဲပါတော့သည် ။

" ဟင့်အင်း  ဟင့်အင်း မပြဘူး မပြဘူးလို့ နော် ကိုကို "

" မပြလို့မရဘူးလေ အဖျားတအားကြီးသွားရင် ဆေးရုံတက်နေရမယ်လေ "

• ခင်များကိုကြောက်တယ် •Where stories live. Discover now