• • Part 9 • •
" ဟုတ်ပါပြီး ကိုကို ခေါ်လာတာဆိုတော့ ကိုကို ကဘဲခေါ်သွားမယ်နော် Babe "
တည် ခေါင်းလေးသာညှိမ့်ပြီး ထိုက်အားပြန်ဖြေလိုက်သည် ။
အရုပ်ဆိုင် ရှေ့ရောက်တော့ ထိုက် ကားရပ်လိုက်တယ် ။" ဟင် ! "
" သွားကြမယ်လေ အရုပ်လိုချင်တာမဟုတ်လား "
ထိုက် တည် ကိုကြည့်လိုက်တော့ အရုပ်ဆိုင်လေးကိုဆက်တိုက်ငေးနေတာတွေ့တာမို့ အရုပ်ဝယ်ပေးရန်ကားကိုထိုးရပ်လိုက်သည် ။
" ဟို မလိုချင်ပါဘူး ဒီတိုင်းကြည့်နေတာပါ "
" ဟုတ်လို့လား လာပါ ကိုယ်ဝယ်ပေးမယ် "
" ရပါတယ် အရုပ်ကဈေးကြီးမှာ "
" ဘယ်လောက်ဘဲတန်ဖိုးကြီးတဲ့အရာဖြစ်နေပါစေ အဲ့အရာတွေက တည် ဆိုတဲ့ကိုယ့် ခလေး လေးလောက်တန်ဖိုးမကြီးဘူး လာ ကိုယ်နဲ့အတူသွားမယ် "
" ဟင် ကျနော် ပါလိုက်ခဲ့ရမှာလား "
" လိုက်ခဲ့ရမှာပေါ့ ကိုယ် အရုပ်လိုချင်တာမဟုတ်ဘူးလေ Babeက အရုပ်လိုချင်တာလေ လိုက်ရွေးမှရမှာပေါ့ "
" အော် ဟီးးး ဟုတ်သားဘဲ ကျနော်မေ့သွားတယ် ဟုတ် လိုက်ခဲ့မယ် "
တည် ကားပေါ်ကဆင်းမယ်လုပ်တော့ • • •
" ခနနေအုံး Babe မဆင်းနဲ့အုံး ကိုယ် ကားတံခါးဖွင့်ပေးမယ် "
ထိုက် လိုလူတစ်ယောက်က ပထမဦးဆုံး ကားတံခါးဖွင့်ပေးတဲ့သူဟာ သေချာတယ် တည် တစ်ယောက်ဘဲရှိတယ် ။ ကားတံခါးဖွင့်ပေးတဲ့အချိန်မှာလည်းထိုက်ကပြောလိုက်ပါသေးတယ် "နောက် ဆိုကိုယ်ကဘဲအရာရာလုပ်ပေးမှာမို့ ဘာမှလျှောက်မလုပ်ပါနဲ့ " တဲ့လေ တကယ်ပါ ထိုက် အတွက်က တည်ဆိုတဲ့လူသားလေးဟာ မရှိမဖြစ်လေးဘဲ ။
ထိုက် ဘယ်သူကိုမှ ဂရုမစိုက်တက် ဒါပေမဲ့ တည် ဆိုတဲ့ကောင်လေးတော့မပါဘူးပေါ့ ။" လက်ပေး "
" ဟင်ဘာလုပ်မလို့လဲ "
" ကိုယ်ရဲ့ Babe လေးကို တခြားသူတွေရဲ့ပါးစပ်ကပြောမဲ့စကားတွေကိုမကြားစေချင်လို့ ကိုယ်တို့ကဆိုင်သူတွေဆိုတာကိုပါသက်သေပြချင်လို့ "
YOU ARE READING
• ခင်များကိုကြောက်တယ် •
Action• ခင်များကိုကြောက်တယ် • အမြဲတမ်းဆိုးသွမ်းနေတဲ့ကောင်လေးတစ်ယောက်ကိုလိမ်မာစေတာကလဲ ကောင်လေးတယောက်ဆိုတာဘယ်သူကသိမှာလဲ•• အမည် - လျှံမင်းထိုက် အသက် - 24 အလုပ်အကိုင် - ထိုက် စိန်ကြောက်မြတ် ကုမ္ပဏီပိုင်ရှင် (မဟုတ်သေးပါဘူး သူေဋ္ဌးလောင်းပေါ့ နောက်မှဖြစ်မှာလေ)...