သား mew လက်ဒဏ်ရာသက်သာလား...
ဟုတ်ကဲ့ အန်တီ သက်သာပါတယ်......
အေးကွယ် ညကြစောစောပြန်လာအုံးနော်...
သား por ဆူနေမှာဆိုးလို့.....ဟုတ်ကဲ့ အန်တီ ညကြ သား စောစောပြန်လာပါ့မယ်.....
mewတစ်ယောက် gulfဆေးခန်းသို့ ထပ်သွားပြန်သည်။ဆေးခန်းဖွင့်ခါစမို့ လူနာကမရှိသေး nurse လဲမရောက်သေးသည်မို့ gulfလဲ ကော်ဖီ သောက်ရင်း စာဖတ်နေလေသည်။စာဖတ်နေရင်း ပြတင်းပေါက်ဘက်ကြည့်မိတော့ mewရောက်နေလေပြီ mewကတော့ ပြုံးပြနေလေသည်။gulfလဲ mew ရှိနေတာသိပြီမို့ စာဆက်ဖတ်နေတော့သည်။
"kanaရယ် kanaရင်ထဲက တစ်နေရာရာမှာတော့ ကို ရှိနေတယ်မှတ်လားဟင်....kana ကိုယ့်ကိုကို မသိပေမဲ့ ကိုယ်ကတော့ သေချာပေါက်ယုံကြည်နေတယ် တစ်နေ့တော့ kanaအချစ်တွေ ကို ပိုင်ဆိုင်ရမှာပါ"
သား mew......
ဟုတ် ဟုတ်ကဲ့ အန်တီ.....
ဘာတွေများ အတွေးလွန်နေတာတုန်း အန်တီခေါ်နေတာကြာပြီ....
ဘာမှမဟုတ်ပါဘူး အန်တီရယ်....
အေးပါကွယ်...
ဒါနဲ့ sanတစ်ယောက် အန်တီဆိုင်တောင် မလာပါလား ...
နေများ မကောင်းလို့လား....မဟုတ်ပါဘူး အန်တီ....
သူမအားလို့ပါ.....aww အရင်ဆို သားနဲ့ sanက အတူလာနေကြဆိုတော့ sanနဲ့များ ပြသနာဖြစ်ထား ကြလို့လားလို့.....
သား mewဘာစားမလဲ ဒီနေ့ အန်တီ့အသက် ၄၀ပြည့်လို့ သား ကို အန်တီ အလကား ကျွေးမှာပါ....happy birthday ပါ အန်တီ မွေးနေ့မှာ ပျော်ရွှင်ပါစေ နော်....
ကျေးဇူးပါကွယ်.....
ဒါဆို သား စားနေကြ အတိုင်းဘဲ အန်တီပြင်လိုက်မယ်နော်...ဟုတ်ကဲ့ အန်တီ....
ကျေးဇူးပါခင်ဗျ......sanနဲ့အတူဆိုင်သို့လာနေကြဖြစ်တာကြောင့် ဆိုင်ရှင်အန်တီနှင့်ရင်းနှီးပြီးသားဖြစ်သည်။ဒီနောက်ပိုင်းတွေတော့ sanမပါဘဲ mewလာလေ့ရှိသည်။ mew ဖန်ခွက်တွေ ခွဲပြစ်တိုင်း sanက အလျှော်ပေးရင်း mew doctorကို ကြိုက်နေသည်ကို အစာဖော်ထားမိတာကြောင့် ဆိုင်ရှင်အန်တီလဲ mew doctor ကို ကြိုက်နေတာ သိထားမိလေသည်။