Part. 9

99 11 2
                                    

Mew အခန်းထဲရောက်နေသော gulfလေး mewအခန်းတွင်းမှ ပစ္စည်းများကို လေ့လာနေတော့သည်။ mew ကတော့ hotelပြန်လျှင် ယူသွားဖို့ရာ အဝတ်အစားများ ရွေးထည့်နေသည်။

ကလေး ပြင်းနေပြီလား...

မပြင်းပါဘူး ကိုကိုရယ်...
ကိုကို့အခန်းက စိတ်ဝင်စားဖို့ကောင်းတယ်နော်...

ဟမ်......
ဘာလို့များလဲ ကလေးရဲ့.....

aww...
ကိုကို့အခန်းမှာက ပန်းချီကားတွေ ဂီတာတွေ
အရုပ်လေးတွေနဲ့ ဆိုတော့ ကျွန်တော်သဘောကျမိလို့ပါ....

ကိုကိုက ပန်းချီဆွဲရတာ ဂီတာတီးရတာ နဲ့
အရုပ်လေးတွေ စုရတာဝါသနာပါလို့လေ....

ကျွန်တော့ ကို ပန်းချီ ဆွဲသင်ပေးပါလား ကိုကို.....
ကျွန်တော် ပန်းချီ ဆွဲသင်ခြင်လို့...

သိပ်ရတာပေါ့ ကလေးရယ်....
ကလေး သင်ချင်ရင် ကိုကို သင်ပေးမှာပေါ့.....

gulfက ပန်းချီဆွဲ သင်ခိုင်းသည်မို့ mewလဲ လိုအပ်တာများ ပြင်ဆင်ပြီး ပန်ချီ ဆွဲနည်း သင်ပေးလေတော့သည်။ စက်ဝိုင်းကစ သင်သည်ဖြစ်လို့ ဆေးရောင်မထည့်ဘဲ သင်ပေးသည်ကို gulfအလိုမကျ....

ကိုကို အရောင်မထည့်ဘူးလား...
ဒီတိုင်း စက်ဝိုင်းကြီးကြ ကြည့်မကောင်းဘူးလေ.....

ဟောဗျာ.....
ကလေးက ခုမှ စသင်တာမို့ စက်ဝိုင်းကစသင်ပေးတာလေ...
အရောင်က ကလေး ပန်းချီဆွဲ ကျွမ်းကျင်လာရင် ကြိုက်တဲ့
အရောင်သုံးလို့ရပြီလေ....

ဟင်....မရပါဘူး.....
ကျွန်တော်က ဒီစက်ဝိုင်းလေးကို အရောင်ခြယ်ချင်တာ...

ကောင်းပါပြီဗျာ...
ကလေး သဘော ဟုတ်ပြီလား...

နှုတ်ခမ်းလေးဆူကာ ပြောလာသော gulfကြောင့် mewလဲ လိုက်လျောပေးရတော့သည်။ ဆေးရောင်ခြယ် ချင်သော Gulfလေးကို Mewလဲ ဆေးရောင်စုံ ယူလာပြီး gulfရှေ့သို့ချပေး လိုက်သည်။

ကဲ့ ဒီမှာ ကလေး စိတ်ကြိုက် အရောင်ထည့်လို့ရပြီ...

ကိုကိုက ဘာအရောင်ကြိုက်လဲဟင်...

ကလေး ကြိုက်တဲ့ အရောင်ထည့်လေ....

ဟင့်အင်း...
ကိုကို အကြိုက်ဆုံး အရောင်ထည့်ချင်တယ်...

Lovely Doctor(unicode@zawgi)Where stories live. Discover now