Part. 4

97 9 0
                                    

မလျော့သော ဇွဲနဲ့ mewတစ်ယောက် gulfဆေးခန်းရှေ့က လမ်းဘေးဆိုင်လေးသို့ ရောက်ရှိလာပြန်သည်။gulfကတော့ ဆေးခန်းထဲ လူနာများသည်မို့ အလုပ်ရှုပ်ကာ mewကို သတိမထားမိဘူးပေါ့....mewလဲ သူဖွင့်ပြောထားပြီး ဖြစ်တာကြောင့် gulfစီမှ အဖြေတစ်ခုခု ရဖို့ မျှော်လင့်နေမိသည်။....

"Kanaရယ် ကိုဘယ်လောက်ကြာကြာ စောင့်နိုင်ပါတယ် ကို့ ကိုခါးခါးသီးသီးတော့ မငြင်းလိုက်ပါနဲ့"

ခဏအကြာ gulfဆေးခန်းသို့ faiရောက်လာလေသည်။ faiရောက်တဲ့ထိ လူနာမရှင်းသေးသည်ဖြစ်လို့ faiလဲ gulfအနားထိုင်ကာ စောင့်နေတော့သည်။faiက ဘာရယ်မဟုတ် ပြတင်းပေါက်ဘက် လှည့်ကြည့်မိရင်း mewကိုတွေ့လိုက်လေသည်။

"ဟင် ဒါဟိုရက်က ကို အိမ်ပြန်လိုက်ပို့ပေးတဲ့ phiမှတ်လား...သူ့အိမ် လိုက်ပို့တုန်းက အိမ်ပုံစံကြည့်ရတာ တော်တော်ချမ်းသာမဲ့ပုံပါ ခုကြတော့ လမ်းဘေးဆိုင်မှာထိုင်နေတယ် ပြီးတော့ ကို့ ကိုဘဲစိုက်ကြည့်နေတယ်"

Fai Fai.....

ဟုတ် ဟုတ်ကဲ့ ကို....

ဘာတွေတွေးနေတာလဲ...
ကို ခေါ်နေတာကြာပြီ.....

ဘာမှမဟုတ်ပါဘူး ကိုရယ်...
ကိုမောနေရောပေါ့ ချွေးတွေလဲထွက်လို့ faiသုတ်ပေးမယ်နော်....

gulfမျက်နှာပေါ့မှ ချွေးစက်များကို သုတ်ပေးနေတဲ့ faiကြောင့် mewစိတ်တိုကာ လက်ထဲမှ ဖန်ခွက်ကို အားဖြင့်ဆောင့်ချလိုက်လေသည်။ဖန်ခွက် ကွဲသွားပြီး ထိုဖန်ကွဲစများကို လက်ထဲဆုတ်ကိုင် ထားလေသည်။ ထိုမြင်ကွင်းကို gulfမြင်လိုက်လေသည် ဖန်ကွဲစများကို ဆုတ်ကိုင်ထားတာကြောင့် လက်မှသွေးများလဲ စီးကျလာပြီဖြစ်သည် gulfစိတ်ပူပြီးထသွားဖို့ ပြင်လိုက်ပေမဲ့ faiရှိနေတာကြောင့် သည်းခံကာနေလိုက်သည်။

ကို faiတို့နေ့လည်စာ တစ်ခုခု မှာစားကြမယ်လေ...
ကို ဗိုက်မဆာဘူးလား....

faiဗိုက်ဆာရင်မှာလေ...
ကိုတော့ ဗိုက်မဆာသေးဘူး.....

gulfစိတ်ထဲ mewလက်မှ သွေးများကိုသာ အာရုံရောက်နေလေသည် နေ့လည်စာစားဖို့ပင် စိတ်မပါတော့ဘဲ mewကိုသာ ကြည့်နေမိလေသည်။ mewကတော့ လက်ထဲဖန်ကွဲစများစိုက်ကာ သွေးထွက်နေသော ဒဏ်ရာ၏ နာကြင်မှုထက် နှလုံးသားရဲ့နာကြင်မှုက ပိုဆိုးသည်မို့ လက်ကဒဏ်ရာကိုနာသည်ဟုမထင်တော့ချေ....

Lovely Doctor(unicode@zawgi)Where stories live. Discover now