အား......ကျွတ် ကျွတ် ကျွတ်....ခေါင်းတွေ ကိုက်လိုက်တာ....
ငါဘယ်ကို ရောက်နေတာပါလိမ့်....
အား..ခေါင်းတွေကလဲ ကိုက်လိုက်တာ......ခေါင်းကိုက်နေသည်မို့ ခေါင်းကိုကိုင်ကာ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ သူတစ်ခါမှ မရောက်ဘူးတဲ့ အခန်းတစ်ခု ကိုရောက်ရှိနေလေသည် သူရှိနေသောနေရာကလဲ ကုတင်တစ်ခုပေါ်တွင် ဖြစ်နေပြီ ဘေးကို ကြည့်လိုက်တော့ သူက ချစ်နေပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ စွန့်လွှတ်ဖို့ ဆုံးဖြတ်ပြီး ဖြစ်နေတဲ့ သူသိပ်ချစ်ရတဲ့လူသား mew suppsait ကရှိနေလေသည် သူတွေးလိုက်မိသည် ဒါအိမ်မက်လား တစ်ဂရ်လားပေါ့ သေချာသွားရအောင် သူ့အသား ကိုစိပ်ကြည့်မိသည်....
အ့......အိမ်မက်မဟုတ်ဘူးဘဲ...
ဟာ...ကလေး နာသွားသေးလား..ဘာလို့ ကို့အသားကို စိပ်ရတာလဲ ကလေးရယ်...
အိမ်မက်မဟုတ်ဘူးဆိုတဲ့အသိနှင့်အတူ ထ ထိုင်လိုက်ကာ...
ခင်ဗျား ကျုပ်ကို ဘယ်ကိုခေါ်လာတာလဲ...
စိတ်လျော့ပါ ကလေးရယ် ကိုကို ကလေးကို အားလုံးနဲ့ဝေးရာကိုခေါ်လာခဲ့တာ...
ဘာ...........ခင်ဗျား ရူးနေလား....
ကျုပ်ရဲ့ မဂ်လာပွဲ ကျုပ်ရဲ့ ညီ........တော်ပါတော့ ကလေးရယ် တော်ပါတော့ ကိုကို ကလေးကိုအရမ်းချစ်တယ် ကလေးလဲ ကိုကို့ ကိုချစ်နေတယ်မှတ်လား ကလေး ....
ခင်ဗျားကို ဘယ်သူပြောလဲ ကျုပ်ခင်ဗျားကိုမချစ်ဘူး ကျုပ်ချစ်တာ faiကို ကျုပ်ကို ပြန်ပို့ပေး faiနဲ့ မဂ်လာဆောင်ဖို့ ကျုပ်ပြန်မယ်...
ထိုစကားကြောင့် mewနှလုံးသားကို ဆွဲဖြဲ ချေမွနေသလိုပင်ခံစားရလေသည်....ဒါပေမဲ့ သူကလေးကို အားလုံးနဲ့ဝေးရာခေါ် လာပြီးပြီမို့ ပြန်လွှတ်ပေးရန် mewတွင် အစီစဥ်မရှိပေ...
မရဘူး ကလေး ကလေးနဲ့ fai မဂ်လာပွဲ မဖြစ်ရဘူး ကလေးက ကိုကို့အပိုင် ကလေး ကိုကို့ ကိုဘဲ ချစ်ရမယ်....
ခင်ဗျား ရူးနေလား ကျုပ်မှ ခင်ဗျားကို မချစ်တာ
ကျုပ်တောင်းပန်ပါတယ် အရာအားလုံး ရှုပ်ထွေးအောင် မလုပ်ပါနဲ့ ကျုပ်ကို ပြန်လွှတ်ပေးပါနော်....