Part. 6

110 12 0
                                    

p'mew...
faiတို့ စကားခဏလောက် ပြောလို့ရမလား.....

phiတော့ပြောစရာမရှိဘူး...
fai ပြောတာတော့နားထောင်ပေးမယ်....

ဟုတ်ကဲ့p'mew....
p'mew ကို့ ကိုချစ်နေတာ faiသိပါတယ်...
ဒါပေမဲ့ kanနဲ့ phiနဲ့က ဘယ်လိုပတ်သတ်နေတာလဲ....

kanက phiနဲ့ ခင်ယုံသက်သက်ပါ...
phiချစ်တာ kanaကို ကျန်တာ ဘာမှစိတ်မဝင်စားဘူး....

faiထပ်မေးလာမဲ့စကားတို့ကို ဆက်နားမထောင်တော့ဘဲ mewထိုစကားနှင့်သာ ဆေးခန်းအတွင်းမှ ထွက်ကာ နားမလည်နိုင်သော မေးခွန်းများစွာနဲ့အတူ အိမ်သို့ပြန်သွားလေသည်။faiလဲ ဘာဆက်လုက်ရမယ်မသိ ထိုနေရာတွင် အရုပ်ကြိုးပြတ် သကဲ့သို့ လှုပ်ပင်မလှုပ် ငြိမ်ကျကာ ထိုင်နေလေသည်။

⏩⏩⏩⏩⏩⏩⏩⏩⏩⏩

kan kan....
phi ခေါ်နေတယ်လေ kan.....

kanတစ်ယောက် gulfခေါ်သည်ကို လှည့်ပင်မကြည့် ဆေးခန်းအတွင်းမှ ပြေးထွက်ရင်း ကားလမ်းမသို့ တက်နေလေသည်။ gulfလဲ kanနောက်မှ တောက်လျှောက်လိုက်ပြီး ခေါ်နေတော့သည်။ ထိုချိန် လမ်းမထက်သို့ မောင်းနှင်လာသော ကားတစ်စီးမှ kan ကို မြင်ပြီး ဘရိတ်ပိတ်အုပ်လိုက်ရလေသည်။ kanလဲ လန့်ပြီး နားနှစ်ဖတ်ကိုပိတ်ကာ ထိုနေရာတွင်ထိုင်ချလိုက်တော့သည်။

ငယ်ငယ်ရွယ်ရွယ်နဲ့ သေခြင်နေတာလား...
ကားတစ်စီးလုံးလာနေတာတောင် မင်း မမြင်ဘူးလား....

ကျွန်တော်တောင်းပန်ပါတယ်ခင်ဗျ....
ကျွန်တော့်ညီ မမြင်လိုက်လို့ပါ....

အေး နောက်တစ်ခါမလွယ်ဘူးမှတ်....

ထိုလူလဲပြောပြီး ကားမောင်းကာ ထွက်သွားလေတော့သည်။

kan ....
kan ဘာဖြစ်တာလဲ phiကိုပြောပါအုံး....

လွှတ် ကျွန်တော့ ကိုလွှတ်....
ကျွန်တော့်မှာ ဘာမှမရှိတော့ဘူး phiသိလား ကျွန်တော့မှာ ဘာမှမရှိတော့ဘူး......

kanရယ် phiကို သေချာပြောပြပါအုံး...
kan ဘာတွေဖြစ်နေတာလဲ.....
ငိုဘဲ ငိုမနေပါနဲ့ကွာ phiကိုပြန်ဖြေပါအုံး.....

phiသိလား phiနဲ့ ခုဏဆေးခန်းထဲရှိနေတဲ့လူက ကျွန်တော်သိပ်ချစ်ရပါတယ်ဆိုတဲ့ daddyဘဲ....
ဘာလို့လဲ phi ဘာလို့လဲ maeနဲ့ porဆိုလဲ phiကိုပိုချစ်တယ် ခုကျွန်တော်ချစ်တဲ့လူကလဲ phiနဲ့.....

Lovely Doctor(unicode@zawgi)Where stories live. Discover now