Hotel ပြန်ရောက်ချိန်ထိ Gulfဘက်မှ စကားတစ်ခွန်းမှမပြောဘဲ ငြိမ်သက်နေလေသည်။ အခန်းထဲရောက်တော့လဲ ရေချိူးခန်းထဲ တန်းဝင်သွားလေသည်။ mewလဲ ညဝတ် အကျီ်လဲကာ ကုတင်ပေါ်တွင် လှဲရင်း gulfကိုစောင့်နေလိုက်သည်။
Ring Ring Ring📱📱
Hello ဟျောင့် mew..
ငါပါ san မင်းလဲနော် ငါ့ကို အရေးကိုမလုပ်တော့ဘူး....
မင်းအခုဘယ်တွေရောက်နေတာလဲ ဆရာဝန်လေးနဲ့ရော
အဆင်ပြေသွားပြီလား....ဖြေးဖြေးမေးပါကွာ....
မင်းနဲ့မတွေ့ရတဲ့အချိန် ငါ့မှာ ကိစ္စတွေ အများကြီး
ဖြစ်သွားတယ်ကွ....ဟုတ်လား....
ပြောပါအုံး ဘာကိစ္စတွေ ဖြစ်သွားတာလဲ....?mewလဲ ဖြစ်ပျက်သမျှ sanကိုပြောပြလိုက်လေတော့သည်။
sanလဲ အရမ်းကိုအံသြ သွားသည်။မင်း ငါနဲ့မတွေ့တဲ့ အချိန်လေးအတွင်း
အဲ့လောက်ထိဖြစ်သွားတယ်ပေါ့လေ....ဟုတ်တယ်ကွ...
အခု ကလေး အရမ်းစိတ်ညစ်နေမှာ ငါဘယ်လိုနှစ်သိမ့်
ပေးလို့ ပေးရမှန်းမသိတော့ဘူးကွာ...ဘာမှ စိတ်မညစ်ပါနဲ့ကွာ အားလုံးအဆင်ပြေသွားမှာပါ...
မင်းရဲ့ ကလေးကို သေချာဂရုစိုက် နှစ်သိမ့်ပေးလိုက်အုံးနော်...အင်းပါ.....
ငါသတိရလို့ မင်းကိုဖုန်းဆက်လိုက်တာ...
နောက်ရက် ငါတို့ဆုံရအောင်လေ မင်းကလေးပါခေါ်ခဲ့နော်...အင်း....
အခြေနေတွေ အေးသွားရင် ငါကလေးနဲ့အတူ
မင်း စီလာခဲ့မယ်...aaဒါဆို နောက်မှ ဆုံကြတာပေါ့...
အားလုံးအဆင်ပြေ ပါစေကွာ...mewဖုန်းပြောပြီးချိန် ရေချိူးခန်းထဲက Gulfပြန်ထွက်လာလေသည်။ Mew ရဲ့ ရှပ်အကျီ် အပွ ကို ဘောင်းဘီ ဒူးလောက်လေးနဲ့ တွဲဝတ်ထားပြီး Gulfပုံစံလေးက ဆွဲဆောင်မှုရှိလှသည်။ gulfပုံစံလေးကို ကြည့်ပြီး mewစိတ်ကိုထိန်းနေရသည်။ အခုလိုစိတ်ညစ်နေချိန်သာ မဟုတ်ခဲ့ရင် gulf ကိုmewဆွဲဖတ်၍ နမ်းမိလိမ့်မည်။
Gulfကတော့ Mewအကြည့်တွေကို ရှောင်လွှဲကာ ကုတင်ပေါ်ကMewဘေး တွင် ဝင်လှဲပြီး mewရင်ခွင်လေးထဲသို့ ကြောင်ပေါက်လေးပမာ တိုးဝင်လေတော့သည်။ mewလဲ သူ့ကလေးကို ဖတ်ထားလိုက်သည်။