Mew porအိမ်ရောက်ချိန် porကို မြင်ပြီး Mewပိုငိုချင်လာသည်။ ဒါကြောင့် porကိုပြေးဖတ်ကာ ထပ်ပြီးငိုပြန်သည်။
Por...
သားကို ကလေးက ထားခဲ့ပြီ သားဘယ်လိုလုပ်ရမလဲ...
သား ကလေးမရှိဘဲ ဘယ်လိုနေရမလဲ porရယ်...😭💔mewအသံ မှာတုန်ရီနေပြီး ငိုသံနှင့်အတူတွဲပါလာသော နာကြင်ကျင်မှု ဝေဒနါ ကို m'porဖြစ်သူ ခံစားမိလိုက်သည်။ mewဘယ်လောက်ထိ နာကျင်ခံစားနေမယ်ဆိုတာ m'porနားလည်တာကြောင့် သားဖြစ်သူကို တင်းကြပ်စွာဖတ်ရင်း အားပေးရှာသည်။
မငိုပါနဲ့ သားရယ်....
သား ကလေးကို porတို့အတူရှာကြမယ် ဟုတ်ပြီလား...သား ကလေးကို ဆုံးရှူံးမခံနိုင်ဘူး por....
သား အရမ်းလွမ်းတယ်...... 😭mewငိုနေရင်းအသံတိတ် သွားတာကြောင့် m'por mewကိုကြည့်မိတော့ mew သတိလစ်သွားလေပြီ။
သား mew သား....
သား san ကား စက်အမြန်နှိုး သားကိုဆေးရုံပို့ရအောင်....ဟုတ်ကဲ့ အန်ကယ်.....
m'porနဲ့ sanတို့ mewကိုကားပေါ်တင်ကာ ဆေးရုံသို့အမြန်မောင်းလာကြသည်။ ဆေးရုံရောက်တော့ ဆရာဝန်မှ စိတ်ပူစရာမလိုကြောင်းနှင့် လူနာက အားနည်းနေတာဖြစ်ကြောင်းပြောလေသည်။
သား san....
သား mewရဲ့ ကောင်လေးကို ကူပြီးရှာပေးပါအုံးနော်...
အန်ကယ့်ကို ကူညီပါ သား အခုလိုဖြစ်နေတာ အန်ကယ်
မကြည့်ရက်ဘူးကွယ်....စိတ်ချပါ အန်ကယ် ကျွန်တော် မရရအောင် စုံစမ်းပေးပါ့မယ်..
အန်ကယ်လဲ ဘာမှစိတ်မပူပါနဲ့နော်...ကောင်းပါပြီ အန်ကယ် company မှာ အရေးကြီးကိစ္စရှိလို့
company ခဏပြန်ရမယ် သားmew
ကိုခဏစောင့်နေပေးအုံးနော် အန်ကယ် ညနေပြန်လာခဲ့မယ်...ရပါတယ် အန်ကယ်...
အေးဆေးသွားပါ mewနားမှာ ကျွန်တော်ရှိနေပါ့မယ်....ကျေးဇူးတင်ပါတယ်ကွယ်...
M'por ထွက်သွားပြီး sanလဲ သတိလစ်နေတဲ့ mewအနားထိုင်ကာ mewအဖြစ်ကိုကြည့်ရင်း စိတ်မကောင်းဖြစ်မိသည်။ san အရမ်းချစ်ရတဲ့ သူငယ်ချင်းက ခုလိုခံစားနေရတော့ သူဘယ်လို ဖြေသိမ့်ပေးရမှန်းမသိ သူငယ်ချင်းဖြစ်သူကိုလဲ ပျော်ရွှင်စေချင်သည်။ ဘာမှမတတ်နိုင်တဲ့ သူ့ဘဝကိုသူ အပြစ်တင်ရင်း မျက်ရည်ကျမိတော့သည်။