//1//

12.9K 1.1K 64
                                    

Unicode

အတိတ်မှအရာ
___________________________________

လုကျန်းဖေ အိပ်ခန်းထဲဝင်ရောက်လာချိန်မှာ
ချန်ချန်းချင်က အိပ်ပျော်နေပြီဖြစ်သည်။

ချန်ချန်းချင်၏ကိုယ်က မူမမှန်စွာ ကွေးနေကာ
မသိလျှင် ချက်ပြီးသား ပုစွန်တုပ်လို။ ရှည်လျားသောဆံစများက ဖြူဖပ်ဖြူရော်မျက်နှာကို
ဖုံးကွယ်လောက်အောင် ကျဆင်းနေကာ
တစ်ကိုယ်လုံး စက္ကူစလေးလို ပါးလျနေသည်။

လွန်ခဲ့သောငါးနှစ်က ချန်ချန်းချင်သည် ခံ့ညား
တင့်တယ်ကာ အလွန်လှပသောစန္ဒရားကို
တီးခတ်သူဖြစ်ခဲ့၏။ ရယ်မောလိုက်တိုင်း လှစ်ခနဲ
ပေါ်လာသော ပါးချိုင့်တစ်ဖက်က သူ့မျက်နှာမှာ ထင်းခနဲ။ ရုပ်ရှင်ဇာတ်ကားထဲက မင်းသားလေး
တစ်ပါးနှယ် ချန်ချန်းချင်၏အရာအားလုံး
ပြီးပြည့်စုံခဲ့သည်။

သို့သော် ယခုအချိန်မှာတော့...

လုကျန်းဖေက အနားသို့လျှောက်သွားကာ
ချန်ချန်းချင်၏မျက်နှာကို ထိတွေ့လိုက်သည်။

ချန်ချန်းချင်က ပိန်လွန်းသဖြင့် ဖြူဖပ်ဖြူရော်
မျက်နှာပေါ်မှာ အရိုးများကိုပင် မှိန်ဖျော့ဖျော့
မြင်နေရသည်။ လုကျန်းဖေ၏အထိအတွေ့ကို
ခံစားရသည့်အခါ ချန်ချန်းချင်က အလိုလို
ကိုယ်ကျုံ့မိသွားပြီး မသဲမကွဲညည်းတွားသံ
ထွက်ပေါ်လာသည်။

သို့သော်လည်း အဆုံးမှာတော့ ချန်ချန်းချင်က
နိုးမလာပေ။ သို့မဟုတ် အစကတည်းက
နိုးနေပြီလား မပြောတတ်။ မျက်ဝန်းများကို
ဖွင့်ကြည့်လိုပုံမပေါ်ပေ။

ချန်ချန်းချင်၏မျက်ဝန်းများက လှပကာ မျက်တောင်ထူထဲပြီး ကြည်လင်သည်။
ထိုမျက်ဝန်းများက စိုက်ကြည့်လိုက်တိုင်း
တစ်စုံတစ်ရာစကားဆိုနေသယောင် ခံစားရစေ
၏။ လုကျန်းဖေ ချန်ချန်းချင်ကို သဘောကျပြီး
မျက်ဝန်းများအကြောင်း ဖွင့်ဆိုနေသော်လည်း
ချန်ချန်းချင်၏အာရုံစိုက်မှုကို လုံးဝမရပေ။
အကြောင်းမှာ လုကျန်းဖေ၏ချစ်သူက မျက်စိ
ကွယ်သွားပြီဖြစ်သောကြောင့်။

ချန်ချန်းချင်၏အိပ်စက်နှုန်းက သိပ်မကောင်းလှ။
လတ်တလောမှာ အိပ်မပျော်သည့်ရောဂါကို
ခံစားနေရပြီး အိပ်ဆေးအမြောက်အမြားမှီဝဲနေရသည်။ ထိုဆေးက လေးလံထိုင်းမှိုင်းမှုကိုလည်း
ဖြစ်စေရာ ပြောင်းလဲဖို့ခက်သည်။ ထို့ကြောင့်ပင်
ယခုဆိုလျှင် ချန်ချန်းချင်က အိပ်ဆေးမပါဘဲ
လုံးဝအိပ်မပျော်နိုင်တော့။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now