//54//

2.6K 504 69
                                    

Unicode

[ ဦးထုပ်စိမ်းဆောင်းခံရသောအဖွဲ့ထဲ ရှေ့ပြေးနေခြင်း ]

ယောက်ျားတစ်ယောက်အဖို့ မခံမရပ်နိုင်ဖြစ်စရာအကောင်းဆုံးက ကိုယ့်ချစ်သူ ကိုယ့်နောက်ကွယ်မှာ ဖောက်ပြားခြင်း (ဦးထုပ်စိမ်း
ဆောင်းခံရခြင်း) ပင်။ ထို့ပြင် အတူနေ
ချစ်သူက ဖောက်ပြားတာဖြစ်ပြီး ကိုယ်တိုင် ခြေချုပ်မိနေသောအခါ ပိုလို့ဆိုးသေးသည်။

အခုတော့ လုကျန်းဖေလည်း ဦးထုပ်စိမ်းဆောင်းခံရသည့်အဖွဲ့ထဲ member တစ်ဦးဖြစ်မှန်းမသိ ဖြစ်သွားချေပြီ။

လုချုံကန်နှင့်ဟွမ်ယွီပင်က သားဖြစ်သူကို
ဖုန်းသိမ်းလိုက်ပြီး အပြင်လောကနှင့် အဆက်အသွယ်ဖြတ်ထား၏။ သို့သော်
လုကျန်းဖေညီမ လုယီချင်းက ချန်ချန်းချင်နှင့်ဝမ်ဝူလင် နီးနီးကပ်ကပ်ရှိနေသည့်ဓာတ်ပုံကို လာပြရာတွင်...

လုကျန်းဖေ မြင်မြင်ချင်း ဖုန်းကို မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်လေပြီ။

လုကျန်းဖေ၏အမူအရာကို အကဲခတ်ရင်း
လုယီချင်းက ခပ်လောလော အကြံပြုလိုက်သည်။

"ကိုကြီး၊ သူက လူကောင်းမဟုတ်ပါဘူးလို့ ညီမ ပြောသားပဲ၊ ကြည့်လေ...ကိုကြီး ရက်နည်းနည်းလောက် ခြေချုပ်မိရုံပဲရှိသေး၊
သူက တခြားယောက်ျားကို မြှူဆွယ်နေပြီ"

လုကျန်းဖေမျက်နှာ မည်းမှောင်နေကာ

"အဲ့လူက ဘယ်သူလဲ"

လုယီချင်း ပြောပြလိုက်၏။

"ဝမ်မိသားစုရဲ့အကြီးဆုံးသား...ဝမ်ဝူလင် တဲ့"

လုကျန်းဖေ : "သူတို့က အခု ဘယ်မှာရှိနေတာလဲ"

လုယီချင်းက လုကျန်းဖေမျက်နှာကို သေချာအကဲခတ်ကြည့်ရင်း ခဏကြာမှ ဖြေလိုက်သည်။

"D မြို့မှာ"

လုကျန်းဖေမျက်နှာက ပိုလို့ပျက်ယွင်းသွားခဲ့၏။ သူက ချန်ချန်းချင်နှင့်အတူ D မြို့ကို ခရီးထွက်ဖို့ကြံခဲ့သော်လည်း လုယီချင်း၏
လက်ချက်ဖြင့် မိဘတွေသိရှိသွားပြီး
အိမ်မှာ ပိတ်လှောင်ခံနေရသည်။ အရင်းစစ်ကြည့်လျှင် လုယီချင်းသာ မတိုင်တောခဲ့
ပါက သူ ခြေချုပ်မိစရာအကြောင်းမရှိ။
ချန်ချန်းချင်လည်း D မြို့ကိုသွားပြီး တခြားယောက်ျားတစ်ယောက်နှင့် ပတ်သက်နေမှာမဟုတ်ပေ။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now