//17//

3.7K 676 76
                                    

Unicode

ငကြောင်
__________________________________

ယာဉ်ကြောပိတ်ဆို့သည်နှင့်ကြုံသော်လည်း သူတို့
လေယာဉ်ပျံချိန်ကို မီလို့တော်သေး၏။

နာရီအချို့ကြာအောင် ကားစီးလာပြီးနောက်
ချန်ချန်းချင် အနည်းငယ်နွမ်းနယ်နေသည်။
လေယာဉ် စတင်ပျံသန်းသည်နှင့် သူ မှေးခနဲ
အိပ်ပျော်သွားကာ ဦးတည်ရာသို့ဆိုက်ရောက်
သည့်အခါ လုကျန်းဖေနှိုးတော့မှ သူ နိုးလေ၏။

လုကျန်းဖေက ပြောလိုက်သည်။

"ချန်းချင်..ထတော့၊ ရောက်ပြီ"

ချန်ချန်းချင် သမ်းလိုက်ကာ ခါးပတ်ကို
ဖြည်းဖြည်းချင်း ဖြည်ပြီးနောက် လုကျန်းဖေ
နှင့်အတူ luggage ယူဖို့သွားတော့သည်။

လုကျန်းဖေက ချန်ချန်းချင်၏အမေအတွက်
လက်ဆောင်များစွာဝယ်ယူလာရာ အကုန်လုံးကို
စစ်ဆေးပြီးဖြစ်သည်။ လုကျန်းဖေက ကိုယ်ပိုင်
ပစ္စည်းများကိုမူ ကျောပိုးအိတ်ထဲထည့်ပြီး
လွယ်လာတာမို့ လက်ဆောင်တွေကိုပါ သယ်ရ
သောအခါ နည်းနည်းတော့ ဝန်ပိနေပြီ။

ချန်ချန်းချင်က ကူသယ်ပေးဖို့စိတ်ကူးမရှိဘဲ
မမြင်ချင်ယောင်ဆောင်ထားလေ၏။
အတိတ်တုန်းက သူ လျိုဟွားမေ့ဆီမှ ကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံခြင်းကို
မရခဲ့ပေ။ လက်ရှိလျိုဟွားမေ့က လုကျန်းဖေကို
အပြုံးနှင့်ကြိုဆိုသော်လည်း အတိတ်က
သူ့ကိုတော့ စကားလုံးနှစ်လုံးဖြင့်သာ တုံ့ပြန်ခဲ့
သည်။

"ထွက်သွား"ဟူ၍။

အစက လျိုဟွားမေ့က လေဆိပ်ကိုလာကြိုဖို့
တွေးထားသော်လည်း ချန်ချန်းချင် ငြင်းလိုက်
သည်မို့ ယခု သူတို့ လေဆိပ်မှထွက်ထွက်ချင်း
တက္ကစီစီးရုံသာ တတ်နိုင်သည်။

အမျိုးသားနေ့ဖြစ်၍ လူရှုပ်နေကာ ချန်ချန်းချင်
နှင့်လုကျန်းဖေ တက္ကစီတစ်စီးကို အနိုင်နိုင်
ငှားလိုက်ရ၏။ ထိုအချိန်မှာ ည ၁၂ နာရီ
ထိုးတော့မည်။

သူတို့ ကားပေါ်တက်တက်ချင်း မိုးဖွဲကျလာရာ
မိုးမစိုလို့ တော်သေးပြီ။

တက္ကစီစီးနေရင်း လုကျန်းဖေက ချန်ချန်းချင်နှင့်
စကားစမြည်ပြောဖြစ်သည်။ ရာသီဥတုအကြောင်း‌တွေ၊ ရောက်တတ်ရာရာပြောရင်း
နှစ်ဦးလုံးက တချို့သောအကြောင်းအရာများကို
မပြောမိအောင် ရှောင်နေလျက်။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now