//71//

3K 590 202
                                    

Unicode

[ ချန်ချန်းချင် ခြံခုန်တယ်ဆို? ]

ထို့နောက်တွင် လုကျန်းဖေနှင့်ချန်ချန်းချင်
A မြို့သို့ပြန်လာခဲ့ကြသည်။

လုပ်ငန်းအခြေအနေတည်ငြိမ်သွားပြီမို့
လုကျန်းဖေ အလုပ်သိပ်မများတော့။ အိမ်မှာ
နေဖို့အချိန်ရှိလာ၏။ ဘာကိစ္စမှမရှိလျှင် တစ်နေကုန် အိမ်မှာပဲနေဖြစ်သည်။

အတိတ်က နိုင်ငံရေးလှည့်ကွက်ထဲ ပြိုလဲခဲ့
ရ‌သောဝမ်မိသားစုသည် ချန်ချန်းချင်မျှော်လင့်သည့်အတိုင်း ဆက်လက်တည်ရှိနိုင်သွားပြီ။

အရင်ဘဝတုန်းက ဝမ်မိသားစုပြိုလဲပြီးနောက်မှာ ချန်ချန်းချင် သတင်းတချို့မှတစ်ဆင့်ကြားသိခဲ့ရသည်။ ဝမ်ဝူလင်တို့ ဆုံးဖြတ်ချက်ကြီးကြီးမားမား မှားယွင်းသွားရခြင်းမှာ လူတစ်ဦး၏ပယောဂကြောင့်ပင်။

ဝမ်ဝူလင်၏ဒုတိယဦးလေးက မိသားစုကို သစ္စာဖောက်ခဲ့တာဖြစ်သည်။ ထိုဒုတိယဦးလေးက ရန်သူများနှင့် တိုးတိုးတိတ်တိတ်ပေါင်းကြံပြီး နိုင်ငံရေးဆိုင်ရာ လွဲမှားနေသောအချက်အလက်များကို ဝမ်မိသားစု၏
အကြီးအကဲဆီ ပေးပို့ခဲ့သည်။

မိသားစုတွင်း သစ္စာဖောက်ကို သိဖို့ခက်ခဲလှ
၏။ လူဆိုးမှန်းမသိသေးခင် အားလုံးက ဒုတိယဦးလေးကို အကောင်းဟုထင်ခဲ့ကြသည်။ ဝမ်ဝူလင်တောင်မှ သူ့ဦးလေးကို အလွန်ယုံကြည်ခဲ့သည်လေ။ သို့သော် ထိုဦးလေး၏မျက်နှာဖုံးကွာကျသွားချိန်မှာ
တစ်မိသားစုလုံးပြိုလဲသွားခဲ့ပြီ။ ဒီလိုလူ
တစ်ယောက်လက်ထဲမှာ ခြယ်လှယ်ခံရလိမ့်မယ်လို့ ဘယ်သူကမှ မထင်ခဲ့ကြဘူး။

အတိတ်တုန်းက ထိုလူ ဝမ်မိသားစုကို
ဘာကြောင့် ပျက်စီးအောင်လုပ်ခဲ့မှန်း ချန်ချန်းချင် မသိပေ။ သူကိုယ်တိုင်ကလည်း ဂရုမစိုက်မိခဲ့ပါ။ ယခုထက်တိုင် သူ သိချင်တာက ဝမ်ဝူလင်တို့ဘက်မှာ အခြေအနေတိုးတက်မှုရှိ၊မရှိ ဆိုသောအချက်ပင်။

ဝမ်ဝူလင်က ချန်ချန်းချင်ကို စိတ်မပျက်စေခဲ့ပါ။ ချန်ချန်းချင် A မြို့သို့ပြန်ရောက်ပြီး ဘယ်လောက်မှမကြာလိုက်၊ ဝမ်ဝူလင်က
သူ့ကို သတင်းပေးလာသည်။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now