Extra(1) After Marriage

4.4K 584 178
                                    

Unicode

[ လုကျန်းဖေ၏အိပ်မက် ]

မနက်ခင်းတစ်ခုမှာ လုကျန်းဖေ နိုးလာတော့ သူ့ခန္ဓာကိုယ် ပုံမှန်မဟုတ်ကြောင်း သိလိုက်ရသည်။

ချန်ချန်းချင်ကျန်းမာရေးက သိပ်မကောင်းသဖြင့် ပုံမှန်ဆိုလျှင် လုကျန်းဖေ အရင်
နိုးလေ့ရှိ၏။ သို့ပေမယ့် ယနေ့က ခြွင်းချက်။ လုကျန်းဖေ အိပ်ချင်မူးတူးနိုးလာချိန်မှာ
ချန်ချန်းချင် အိပ်ရာထသွားပြီဖြစ်ကြောင်း အံ့အားသင့်စရာကောင်းအောင် တွေ့ရလေသည်။

ချန်ချန်းချင်က နိုးနေရုံတင် မကဘဲ
မနက်စာစားပြီးလို့ ဆိုဖာပေါ်ထိုင်ရင်း အေးအေးဆေးဆေးစာဖတ်နေပြီ။

လုကျန်းဖေ တစ်ဖက်လှည့်ချင်သော်လည်း သူ့တစ်ကိုယ်လုံး လေးလံနေပြီး အိပ်ရာထဖို့
အားတောင်မရှိ။

ဘေးမှဆိုဖာ‌တွင်ထိုင်နေသည့် ချန်ချန်း
ချင်က လုကျန်းဖေနိုးလာတာကိုလည်း
မြင်ရော စာအုပ်အမြန်ချလိုက်ပြီး အနားလျှောက်လာသည် :

"ပေါင်ပေ့...နိုးပြီပေါ့? ရေနည်းနည်းသောက်၊ အိပ်ရာမှာ ခဏထိုင်နေလိုက်ဦး၊ ပြီးရင် ကိုယ် မင်းကို မျက်နှာသစ်ပေးမယ်"

ပေါင်ပေ့?

ချန်ချန်းချင်က သူ့ကို ပေါင်ပေ့လို့ခေါ်တယ်?

လုကျန်းဖေ ပျော်ပျော်ကြီးအတွေးလွန်နေစဉ် သူ့ဝမ်းဗိုက်မှာ တစ်ခုခုလွဲနေကြောင်း သတိထားမိလိုက်သည်။ သူ ဖြည်းဖြည်းချင်း ခေါင်းငုံ့ပြီး ဗိုက်ပူပူကို စိုက်ကြည့်ရင်း အတော်ကြာနှုတ်ဆိတ်သွားခဲ့၏။

ပြီးမှ ရေရွတ်မိသည်။

"...ကိုယ့်ဗိုက်ကြွက်သားတွေ ဘာဖြစ်ကုန်တာလဲ"

နဂို six packs များမရှိတော့ဘဲ ဘီယာဗိုက်လို ပူနေသည်မို့ လုကျန်းဖေ ခဏလောက်
မစဉ်းစားတတ်အောင်ဖြစ်သွားရပြီ။

ထိုအမေးကိုကြားရာတွင် ချန်ချန်းချင်က လုကျန်းဖေ၏ဗိုက်ကို အသာဖွဖွပွတ်သပ်ရင်း ညင်သာစွာပြောလိုက်သည်။

"အရူးလေး..စိတ်မပူပါနဲ့၊ ကလေးမွေးပြီးရင် ဗိုက်က အလိုလိုပြန်ပိန်သွားမှာ"

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now