//31//

3K 603 40
                                    

Unicode

[ အချစ်ဟာ မြန်ဆန်လွန်းခဲ့ ]

သူတို့ ညစာသွားစားသည့်နေရာက လုကျန်းဖေ
မကြာမကြာသွားလေ့ရှိသော အနောက်တိုင်း
စားသောက်ဆိုင်။

လတ်တလော ချန်ချန်းချင်က စားချင်စိတ်
အာသီသ သိပ်မဖြစ်တာမို့ ဘာပဲစားစား ကိစ္စမရှိ
ပေ။ လုကျန်းဖေက steak စားဖို့ အကြုံပြုလာ
သဖြင့် သူ သဘောတူလိုက်သည်။

တကယ်တမ်း ထိုသို့သောသီးသန့်စုဝေးပွဲတွင်
ညစာကို အတူတကွစားလေ့ရှိသော်လည်း
လုကျန်းဖေကမူ တခြားကိစ္စများရှိသေးသဖြင့်
ပွဲစီစဉ်သူ၏ကမ်းလှမ်းမှုကို ငြင်းလိုက်ပြီး
ချန်ချန်းချင်နှင့် နှစ်ဦးတည်းအတူစားဖို့ကြံစည်
ခဲ့ခြင်းဖြစ်သည်။

ဒါပေါ့၊ ရွှီရှောက်ရန်ကိုတော့ မခေါ်ချင်လည်းပဲ
ခေါ်လာလိုက်ရတာ။

စားသောက်ဆိုင်တွင် သူတို့သုံးဦး ကိုယ်စီ
မှာကြသည်။

ဟင်းလျာများကို နည်းနည်းပဲ စားရသေး၊
ချန်ချန်းချင်က မတ်တတ်ရပ်ကာ သန့်စင်ခန်းသို့
ထွက်သွား၏။ ထိုအခိုက်အတန့်ကို အသုံးချကာ
လုကျန်းဖေနှင့်ရွှီရှောက်ရန်က အသေးစိတ်
အချက်အလက်ကို အမြန်ဆွေးနွေးကြသည်။

"မင်း ဆေးယူလာရဲ့လား"

ရွှီရှောက်ရန်က မျက်တောင်အောက်စိုက်ကာ
စွပ်ပြုတ်တစ်ဇွန်းသောက်ရင်း

"ယူလာတယ်"

လုကျန်းဖေ : "မင်းက ဘယ်နေရာသွားသွား၊
အဲ့ဆေးကို ဆောင်ထားတာပဲလား? ရွှီရှောက်ရန်...
မင်း မထင်ရဘူးနော်..."

ရွှီရှောက်ရန် ရယ်လိုက်သည်။

"ဒါပေမယ့်ကွာ...ငါက ဆေးကို အမြဲဆောင်ထား
ပေမယ့် အခု တကယ်လိုအပ်နေတာ မင်းပဲလေ
လုကျန်းဖေ"

လုကျန်းဖေက နှုတ်ခမ်းစွန်းတစ်ဖက်တွန့်လိုက်
ပြီး တစ်ခဏအကြာတွင် ပြောသည်။

"ဆေး ဘယ်မှာလဲ"

ရွှီရှောက်ရန် : "ဆေးကို ဝိုင်ထဲမထည့်သရွေ့
ကျန်တဲ့နေရာ ဘယ်ဟာမဆို ရတယ်..
ဒီစွပ်ပြုတ်ဆို အဆင်မပြေလောက်ဘူးလား၊
ဒီထဲ ထည့်လိုက်"

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now