//26//

3.1K 621 95
                                    

Unicode

လာလေ၊ တစ်ပွဲတစ်လမ်းနွှဲကြတာပေါ့
___________________________________

နာရီတချို့ကြာပြီးနောက် လုကျန်းဖေစုံစမ်းခိုင်း
ထားသောကိစ္စမှာ ရလဒ်ထွက်လာပေပြီ။
ချန်ရှောင်းဟွေ့အကြောင်း စုံစမ်းပေးသည့်လူက
သူမနှင့်ပတ်သက်ပြီး သိရသမျှအချက်အလက်
အားလုံးကို လုကျန်းဖေ၏ mail box သို့
ပို့လိုက်သည်။ လုကျန်းဖေက click တစ်ချက်
နှိပ်ပြီး ဝင်ကြည့်ရင်း

"ချန်းချင်၊ မင်းရဲ့ညီမဝမ်းကွဲက မခေဘူးပဲ"

ချန်ချန်းချန်က ဖုန်းသုံးနေရင်း လုကျန်းဖေ၏
စကားကိုကြားသည့်အခါ

"ပြောကြည့်"

လုကျန်းဖေက ချန်ရှောင်းဟွေ့နှင့်ပတ်သက်သော
အချက်အလက်များကို ဖတ်ပြတော့သည်။

ယခုနှစ်မှာ ချန်ရှောင်းဟွေ့က အသက် ၁၇ နှစ်ပဲ
ရှိသေးပြီး အထက်တန်း၊ဒုတိယနှစ်ကို
တက်ရောက်မှာပင်။ ဒီလိုကျောင်းသူတစ်ဦးမှာ
မကောင်းသည့်အတိတ်မရှိသင့်သော်လည်း
ကြည့်ရသလောက် ချန်ချန်းချင်က
ထိုကောင်မလေးကို လျှော့တွက်မိသွားချေပြီ။
ယခုနှစ် မေလတွင် ချန်ရှောင်းဟွေ့က ဆေးရုံ
သွားပြီး ကိုယ်ဝန်ဖျက်ချခဲ့သည်တဲ့။

လုကျန်းဖေ ပြောလိုက်၏။

"မနှစ်ကအကြောင်းကို မသိရသေးလို့၊ ဒါပေမယ့်
သူ ကိုယ်ဝန်ဖျက်ချတာ ပထမဆုံးအကြိမ်
မဟုတ်ဖို့ ပိုများတယ်"

သိလိုက်ရသောသတင်းကြောင့် ချိန်ချန်းချင်
ပြုံးမိသည်။ ချန်ရှောင်းဟွေ့ သူတို့အကြောင်းကို
သိသွားတုန်းက သူ နည်းနည်း ကမောက်ကမ
ဖြစ်သွားရသော်လည်း ယခုတော့ အပြည့်အဝ
စိတ်သက်သာရာရသွားလေ၏။

"ချန်ရှောင်းဟွေ့ကို ပညာပြလိုက်ကြစို့"

လုကျန်းဖေက ရုတ်တရက်ကြီး မေးလာသည်။

"ချန်းချင်၊ မင်း ကိုယ်နဲ့ဆက်ဆံရေးကို
ဖွင့်ဟတော့မှာလား"

ချန်ချန်းချင် : "သိပ်မတွေးနဲ့၊ ရူးတတ်တယ်"

လုကျန်းဖေ : "......"

ချန်ချန်းချင်က ဖုန်းပိတ်ကာ အေးတိအေးစက်
ပြောလိုက်သည်။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now