//18//

3.6K 630 15
                                    

Unicode

ယွမ်ကျစ်ထောင်
________________________________

လျိုဟွားမေ့၏ကောင်းမှုကြောင့် ထိုညမှာ
ချန်ချန်းချင်နှင့်လုကျန်းဖေ တစ်အိပ်ရာတည်း
အိပ်စက်ရသည်။

တကယ်တမ်း အတိတ်တုန်းက သူတို့နှစ်ဦး
မကြာမကြာဆိုသလို အတူအိပ်ခဲ့သော်လည်း
ချန်ချန်းချင် ခြေထောက်ကျိုးချိန်မှစ၍
အိပ်မပျော်သည့်ဝေဒနာခံစားလာရကာ
နှစ်ဦးသား ခွဲအိပ်ခဲ့လေ၏။

ရေချိုးပြီးသည်နှင့် ချန်ချန်းချင်က အိပ်ရာဝင်
သွားကာ အိပ်ဖို့အသင့်ဖြစ်နေပြီ။

ထို့နောက် လုကျန်းဖေလည်း အိပ်ရာပေါ်
ရောက်လာသည်။ ဘေးဘက်ကို ငဲ့ကြည့်လိုက်
တော့ ချန်ချန်းချင်က ‌မျက်ဝန်းများမှေးမှိတ်
ထားကာ အသက်ရှူသံမှန်မှန်နှင့် အိပ်ပျော်သွားပြီ
ထင်၏။

ချန်ချန်းချင် အိပ်စက်နှုန်းသိပ်မကောင်းတာကို
လုကျန်းဖေက သိထားသည်။ အိပ်ပျော်နေပြီမို့
သူ အနှောင့်အယှက်မပေးတော့ဘဲ ခပ်မှိန်မှိန်
မီးရောင်အောက် သူ့နံဘေးလဲလျောင်းနေသော
ကောင်လေးကို ဒီအတိုင်းပဲကြည့်နေမိ၏။

ချန်ချန်းချင်က အသက် ၂၁ နှစ်ပဲရှိသေးရာ
နုနယ်သောမျက်နှာမှာ ကလေးဆန်သော
အငွေ့အသက်တို့ ထင်ဟပ်နေဆဲဖြစ်ပြီး ခါတိုင်း
တွန့်ချိုးနေတတ်သည့်မျက်မှောင်က အိပ်နေစဉ်
အခိုက်မှာသာ ပြေလျော့နူးညံ့နေသည်။ မီးရောင်
မှိန်မှိန်ကြောင့် ချန်ချန်းချင်၏ နဂိုဖြူပြီးသား
အသားအရေက ပိုလို့ဖျော့တော့နေသယောင်။

ချန်ချန်းချင် သူ့ကိုမကြိုက်မှန်း လုကျန်းဖေ
သိသည်။

ကြည့်နေရင်း လုကျန်းဖေနှလုံးသားထဲ
ထူးဆန်းသည့်စိတ်ခံစားချက်တစ်မျိုး တိုးထွက်
လာပေပြီ။ သူ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက်
အဆုံးမှာ ချန်ချန်းချင်ကို အနမ်းပေးဖို့မကြိုးစား
တော့ဘဲ လက်ဆန့်၍ အခန်းမီးကို တိတ်တဆိတ်
ပိတ်လိုက်လေသည်။

မှောင်အတိကျသွားချိန်မှာ လုကျန်းဖေလည်း
အိပ်ဖို့ပြင်၏။

တကယ်တမ်း ချိန်ချန်းချင်က ဘယ်လိုလုပ်
အလွယ်တကူအိပ်ပျော်ပါ့မလဲ။ သူ့ဘေးက
လုကျန်းဖေ ငြိမ်သက်သွားတော့မှ သူ မျက်ဝန်း
များကို အသာဖွင့်ကာ ခပ်ရေးရေးသာမြင်ရသော
မီးအိမ်အုပ်ဆောင်းကို စိုက်ကြည့်နေမိပြီ။

ရူးရင်လည်း ရူးစေတော့ || ဘာသာပြန် [COMPLETED]Where stories live. Discover now