"အဖွဲ့ဝင်တွေ ထဲမှာ ရန်အဖြစ်ဆုံးက ဘယ်သူနဲ့ ဘယ်သူလဲ။"
မေးခွန်း ပြီးပြီးချင်း Rosè နှင့် Lisa က အပြန်အလှန် လက်ညှိုးထိုးပြကြသည်။
"ငါတို့က အသက်လဲ သိပ်မကွာတော့ အရမ်းတွဲဖြစ်ကြတယ်လေ နော်။
ဒါကြောင့် မကြာခဏ ရန်ဖြစ်ကြတာ။"Lisa ၏ စကားကို Rosè က အရယ်တစ်ဝက်ဖြင့် ခေါင်းညိမ့်ထောက်ခံသည်။
သူမတို့ BLACKPINK အဖွဲ့ Tell the Truth Game ယှဉ်ပြိုင်နေကြခြင်းပါ။
"နောက်ထပ်မေးခွန်းက အဖွဲ့ထဲမှာ ဘယ်သူက ကျန်းမာရေး အခြူခြာဆုံးလဲ။"
Rosè,Jisoo နှင့် Lisa သုံးယောက်လုံး၏ လက်က Jennie ကို ညွှန်ပြလျက်။
Jennie က အသာရယ်မောကာ
"ငါက ကျန်းမာရေး အရမ်းညံ့တယ်။ဒါကြောင့် အဖွဲ့ဝင်တွေက အမြဲ ဂရုစိုက်ပေးနေရတာ။ကျေးဇူးပါ ကောင်မလေးတို့။"
"အဖွဲ့ထဲမှာ Lisa အနေနဲ့ တစ်ယောက်ယောက်ကိုတွဲခွင့်ရမယ်ဆိုရင် ဘယ်သူ့ကို တွဲချင်လဲ။"
မေးခွန်းအဆုံးမှာ အားလုံး တိတ်ဆိတ်သွားကြသည်။
Lisa ကိုယ်တိုင်လဲ ရုတ်တရက် ဘာဖြေရမည်မသိ။
အတန်ကြာမှ တစ်ချက် ပြုံးလိုက်ကာ
"ငါလား။ ငါ့အနေနဲ့ ဆိုရင် Jennie Unnie ကို ရွေးချယ်ရလိမ့်မယ်။"
"Woo...အကြောင်းပြချက်က။"
"Unnie က sexy ကျတယ်လေ။"
Lisa ၏ အဖြေစကားက အဖွဲ့ဝင်များကို ရယ်မောသွားစေသည်။
Rosè က ဝင်ပြောသည်။
"Jennie Unnie ကို အကုန်လုံးက cute ဖြစ်တယ် လို့သတ်မှတ်ကြတာ။နင်က ဘာလို့ sexy လဲ။"
"မသိဘူး။ဒီတိုင်း။ ငါထင်တာပြောတာလေ။"
"နောက် မေးခွန်းတစ်ခုက...Jennie အနေနဲ့ Lisa ရဲ့ ကမ်းလှမ်းချက်ကို လက်ခံမှာလား။"
"No. "
ပြတ်ပြတ်သားသားဖြေလိုက်သော Jennie ၏ စကားက Lisa ရင်ထဲ အောင့်ခနဲ။
ရက်စက်လိုက်တာ unnie ရယ်။
မချစ်ဘူးဆိုတာ သိပေမဲ့ ဒီလောက်အထိ
မပြောသင့်ဘူးမဟုတ်လား။

KAMU SEDANG MEMBACA
အချစ်နဲ့ လက်တစ်ကမ်း(Completed)
Fiksi Penggemarကောင်မလေးတွေကို ချစ်တဲ့စိတ်နဲ့ ပေါ့ပေါ့းပါးပါး ဖန်တီးမိထားတာလေးပါ။ အမှားအယွင်းများရှိခဲ့လျှင် နားလည်ပေးဖို့ တောင်းပန်လျက်။