🌸🌸part (1)🌸🌸

4.9K 310 23
                                    

ကြီးကျယ်ခမ်းနားလှသောနန်းတော်၏အလယ်ဗဟိုညီလာခံနန်းဆောင်အတွင်း

"ငါကိုယ်တော်ကအခုအင်ပါယာရဲ့ဧကရာဇ်ဖြစ်နေပြီ...ကိုယ်တော်ရဲ့အာဏာကပြည်ပနိုင်ငံငယ်လေးတွေကိုကောင်းကောင်းလွှမ်းနိုင်တယ်ဆိုပေမဲ့ကိုယ့်ပြည်တွင်းအခြေအနေကိုလည်းသိသင့်တယ်လို့ငါကိုယ်တော်ယုံကြည်တယ်...အဲ့တာကြောင့်တိုင်းခန်းလှည့်လည်မယ်...တောရွာဇနပုဒ်လမ်းကြိုးလမ်းကြားမကျန်ငါ့တိုင်းပြည်အခြေအနေကိုငါအကဲခတ်မယ်"

"သင့်မြတ်ပါတယ်...အရှင်မင်းကြီး...အရှင်မင်းကြီးကကျွန်တော်တို့နိုင်ငံအတွက်တကယ့်ကိုမင်းကောင်းမင်းမြတ်တစ်ပါးပါ"
ဘဏ်ဏာရေးအမတ်ကြီးကရှောင်းဘုရင်ကြီးကမြှောက်ပင့်ကာစကားဆိုလိုက်သည်

"အရှင်မင်းကြီးတိုင်းခန်းလှည်မယ်ဆိုတဲ့မင်္ဂလာသတင်းကိုကျွန်တော်တိုင်းသူပြည်သားတွေကိုခြေမြန်တော်လွှတ်ပြီးသတိပေးလိုက်ပါတော့မယ်"

"မလိုဘူး...ဒီဘုရင်ကတခန်းတနားကြီးနဲ့တိုင်ခန်းလှည့်လည်မမယ်လို့ဘယ်သူပြောလဲ....သာမန်အရပ်သားဝတ်စုံနဲ့သွားမယ်
ကိုယ်တော့်ရဲ့ယုံကြည်ရတဲ့ကိုယ်ရံတော်၂ယောက်ရှိရင်ရပြီ..."

"အရှင်မင်းကြီးအဆင်ပြေရင်ပြီးပါတယ်....ကျွန်တော်တို့ကအရှင့်ရဲ့အမိန့်ကိုအထွန့်မတက်ဝံ့ပါဘူး"

ညီလာခံမှာတိုင်းရေးပြည်ရေးနဲ့ပတ်သက်ပြီးအမတ်တွေနဲ့ရှောင်းဘုရင်ကြီးတို့အားသွန်ခွန်စိုက်ဆွေးနွေးခဲ့ကြသည်
နောက်တနေ့မနက်ရောက်တော့

"ဟာ...ကိုယ်တော်အပြင်ထွက်မဲ့နေ့မို့လားမသိဘူး...ရာသီဥတုကသာယာနေရော..အဖြူရောင်နှင်းပွင့်သေးသေးလေးတွေကအိမ်အမိုးပေါ်တွေမှာဖုံးနေပြီးနံနက်ခင်းအလင်းရောင်နွေးနွေးလေးကဒီကိုယ်တော်ကိုနွေးထွေးစေတယ်....ပူပြီးပျင်းပြတဲ့အရက်လေးတခွက်သောက်လိုက်ရရင်ဘယ်လောက်ဇိမ်ရှိမလဲ
ဈေးထဲအရင်သွားမယ်"

"ဟုတ်ကဲ့ပါမင်းကြီး"

ရှောင်းဘုရင်ရဲ့အမိန့်အရကိုယ်ရံတော်၂ယောက်ပါဈေးထဲသို့သွားခဲ့သည်
ဈေးမှာအရမ်းကိုစည်ကားလွန်းသောကြောင့်
လမ်းလျှောက်နေသောလူတယောက်နဲ့တယောက်ပခုံးချင်းတိုက်မတတ်ပင်

𝐾𝑖𝑛𝑔'𝑠 𝑏𝑒𝑎𝑢𝑡𝑖𝑓𝑢𝑙 ℎ𝑢𝑠𝑏𝑎𝑛𝑑Where stories live. Discover now