"မိဖုရားကြီးလုပ်ရပ်တွေရပ်လိုက်ပါတော့....ရှေ့ဆက်မတိုးချင်ပါနဲ့တော့....အရှင်ကခမည်းတော်ကိုခေါ်ပြီးသတိပေးစကားတွေပြောတယ်
ပြီးတော့မိဖုရားအဆိပ်ခတ်တဲ့ကိုယ်လုပ်တော်ကလည်းမသေသေးပါဘူး""ဘာ........"
"ဟုတ်ပါတယ်....မိဖုရားရဲ့အကြံအစည်တွေဖြစ်ဖြစ်မြောက်မြောက်အောင်မြင်ဖူးတာမရှိတဲ့အပြင်ကိုယ့်ကိုကိုယ်ချောက်ထဲရောက်အောင်ဆွဲချတဲ့ပုံစံမျိုးဖြစ်နေပါပြီ"
"မဟုတ်မှလွဲရော....အရှင်ကဒီနေ့နေ့လည်ခင်းမှာနေ့လယ်စာအတူတူစားဖို့နန်းတော်ဥယျာဉ်ထဲမှာချိန်းလိုက်တယ်
ကိုယ်လုပ်တော်မသေသေးဘူးဆိုတာကိုပြောပြဖို့လားမသိဘူး""ဖြစ်နိုင်ပါတယ်.....အရှင်ကသူများခန့်မှန်းလို့မရအောင်ထက်မြက်လွန်းတယ်....ဉာဏ်များတယ်
အဲ့တာကြောင့်မိဖုရားကြီးရဲ့လုပ်ရပ်တွေကိုရပ်လိုက်ပါတော့""ဟုတ်ကဲ့.....ဒီတစ်ခါနောက်ဆုံးပါဘဲ
ဒါပြီးရင်မလုပ်တော့ပါဘူး""နောက်ထပ်လုပ်မယ့်အစီအစဉ်တွေရှိရင်ရပ်လိုက်ပါတော့
မိဖုရားကြီး....ဒီခမည်းတော်ကတောင်းဆိုနေတာပါ""ဟုတ်ကဲ့ပါ....ခမည်းတော်စကားကိုတော့နားထောင်ပါ့မယ်
ကြံစည်ထားတဲ့အစီအစဉ်ကိုလည်းဖျက်လိုက်ပါ့မယ်""ဒါဆိုကျွန်တော်မျိုးကိုသွားခွင့်ပြုပါဦး"
"ကောင်းပါပြီ"
*အရှင်ကဘာတွေလုပ်နေတာလဲ....တကယ်နားမလည်နိုင်တော့ဘူး*
"အထိန်းတော်ကြီး......လုပ်ခဲ့သမျှအလုပ်တွေနောက်ကြောင်းရှင်းတယ်မလား"
(အထိန်းတော်ကြီးဆိုတာမိဖုရားရဲ့အထိန်းတော်ကိုပြောတာ
ဘုရင့်အထိန်းတော်မဟုတ်ဘူး)"ရှင်းပါတယ်မိဖုရားကြီး"
----------------------------------"အရှင်.....နန်းဆောင်ကကြွသွားတာခဏလေးဘဲရှိသေးတယ်လေ
ညီလာခံမတက်ဘူးလား....ဘာလို့အဆောင်တော်ကိုအစောကြီးပြန်လာတာလဲ""ညီလာခံကတိုင်းရေးပြည်ရေးအကြောင်းဆွေးနွေးရတာလေ
ကိုယ်တော့်တိုင်းပြည်ကသာယာဝပြောနေတာ
ဘာမှသိပ်ဆွေးနွေးစရာမလိုဘူး.....အဲ့တာကြောင့်ကိုယ်တော်ကကြင်ယာတော်ဆီကိုအစောကြီးလာတာပေါ့
အပြင်မှာအေးနေတာလေ....ဘာလို့အပြင်ထွက်နေရတာလဲ"

CZYTASZ
𝐾𝑖𝑛𝑔'𝑠 𝑏𝑒𝑎𝑢𝑡𝑖𝑓𝑢𝑙 ℎ𝑢𝑠𝑏𝑎𝑛𝑑
Fanfictionဘုရင်ကြီးရဲ့လှပသောအမျိုးသားကြင်ယာတော်လေး👀 ကြင်ယာတော်အများကြီးထဲကမှတယောက်သောအမျိုးသားကြင်ယာတော်ကိုအချစ်ပိုမိသောဘုရင်ကြီး ဘုရင်ကြီးရဲ့အချစ်တွေကသူ့အတွက်နွေးထွေးခဲ့ပေမဲ့ တခြားတဖက်မှာမနာလိုတဲ့မိဖုရားတွေရဲ့မုန်းတီးခြင်းကိုခံရသောကြင်ယာတော်လေး ဘုရင်ကြီးကကြ...