🌸🌸part (14)🌸🌸

1.7K 177 27
                                    

"ဘာ...အရှင်ကသူ့ကိုနန်းတော်ရဲ့ဗဟိုဥယျာဉ်တော်ကြီးကိုခေါ်သွားရုံတင်မကဘူး
အဲ့မှာအတူရှိနေခဲ့တာပေါ့"

"ဟုတ်ပါတယ်...မိဖုရားကြီး"

"ဒီကိုယ်လုပ်တော်ကတော်တော်အရေးပေးခံရတာဘဲ
ငါ့ဘက်ကအချိန်ဆွဲနေလို့မသင့်တော်ချေဘူး
ကြာရင်ငါနေရာပျောက်သွားလိမ့်မယ်...ဒီတိုင်းပြည်နဲ့နန်းတော်ရဲ့တစ်ဦးတည်းသောမိဖုရားကငါဘဲဖြစ်ရမယ်"

"မှန်ပါတယ်..ဒီတိုင်းပြည်နဲ့နန်းတော်ရဲ့တစ်ပါးတည်းသောအာဏာအရှိဆုံးမိဖုရားကမိဖုရားကြီးဘဲဖြစ်သင့်တာပါ"

"ညကကိစ္စအခြေအနေဘယ်လိုရှိလဲ"

"ဖမ်းမိသူတွေကိုအချိန်မှီသတ်နိုင်လိုက်ပါတယ်"

"တော်တယ်"

"ဘုရင်ကြီးကမနက်ဖြန်လောက်ဆိုစစ်ထွက်သွားရတော့မှာပါ
အဲ့အချိန်ကျရင်နန်းတော်ထဲမှာမိဖုရားကအာဏာအရှိဆုံးဖြစ်သွားပါပြီ....ကိုယ်လုပ်တော်ကိုမိဖုရားစိတ်ကြိုက်ကစားလို့ရပါပြီ"

"ဒါအမှန်ဘဲ...ငါ့ဘက်ကအချိန်ကိုစောင့်နေရုံပေါ့"
------------------

"ကြင်ယာတော်...အိပ်ဆောင်ဝင်တော့မို့လား"

"ဟင်....အရှင်ကဒီညမိဖုရားကြီးနဲ့အတူအိပ်ဆောင်ဝင်မှာလေ"

"မဝင်တော့ဘူး...ကြင်ယာတော်လေးနဲ့ဘဲအတူအိပ်ဆောင်ဝင်မှာ"

ဒီလူသားကနှင်ထုတ်လည်းပြန်မှာမဟုတ်တာသိနေတာကြောင့်ကိုယ်လုပ်တော်လေးဘာမှမပြောတော့ပေ

"ဒီဘုရင်ကမနက်ဖြန်စစ်တိုက်ထွက်ရမှာဆိုတော့ကြင်ယာတော်လေးကဒီကိုယ်တော်ကိုချော့မသိပ်ချင်ဘူးလားအလိုမလိုက်ချင်ဘူးလား"

"ရပါတယ်...ကိုယ်လုပ်တော်ကဘာလုပ်ပေးရမှာလဲပြောပါအရှင်"

ဘုရင်ကြီးကချက်ချင်းပင်ကိုယ်လုပ်တော်လေးပေါင်ပေါ်မှာလှဲချလိုက်သည်

"စာဖတ်ပြ...ကိုယ်တော်အိပ်တော့မယ်
ခဏဘဲအိပ်ရမှာထင်တယ်...ပြီးရင်ဒီဘုရင်ကလက်နက်နဲ့လူအင်အားပိုင်းကိုသွားပြီးကြည့်ရှုပြင်ဆင်ရမယ်
အာရုဏ်တက်လောက်ထွက်ရမယ်လေ
မြန်မြန်သိပ်တော့"

𝐾𝑖𝑛𝑔'𝑠 𝑏𝑒𝑎𝑢𝑡𝑖𝑓𝑢𝑙 ℎ𝑢𝑠𝑏𝑎𝑛𝑑Donde viven las historias. Descúbrelo ahora