🌸🌸part (3)🌸🌸

3K 264 17
                                    

"အရှင်မင်းကြီးကိုယ်လုပ်တော်အတွက်ခမ်းခမ်းနားနားကြီးလုပ်ပေးဖို့မသင့်တော်ကြောင်းပါ...ကိုယ်လုပ်တော်နဲ့လက်ဆက်ပွဲကမိဖုရားနဲ့လက်ဆက်ပွဲလောက်မခမ်းနားသင့်ကြောင်းပါ"

ဘဏ်ဏာရေးအမတ်ကြီးကစကားဆိုသည်

"ဘာလို့လဲအမတ်မင်းရဲ့...ဒီဘုရင်ကတစုံတယောက်ကိုမေတ္တာသက်ဝင်မိလို့ကိုယ်လုပ်တော်တင်မြှောက်ပြီးမင်္ဂလာအခမ်းအနားကိုခမ်းခမ်းနားနားဖြစ်စေချင်ရုံဘဲ...အမတ်မင်းရဲ့သမီးပိုင်ဆိုင်ထားတဲ့မိဖုရားခေါင်ကြီးနေရာကိုထိပါးမှာမဟုတ်ဘူး"

*ကောင်လေးကိုနန်းတော်ရဲ့အကြီးဆုံးမိဖုရားခေါင်ကြီးရာထူးကိုပေးလိုက်ရင်ထိုကောင်လေးအသက်အန္တရာယ်ကိုထိပါးလာနိုင်တယ်ဆိုတာဒီဘုရင်သိတာပေါ့...တဖက်လှည့်နဲ့ကာကွယ်ပေးရမယ်*
*မင်းကိုကိုယ်လုပ်တော်တင်မြှောက်ပြီးကိုယ့်အနားမှာထားတာကကိုယ်နဲ့လည်းအနေနီးတယ်...အန္တရာယ်လည်းကင်းမယ်*

"ကျွန်တော်မျိုးဆိုလိုတာအဲ့လိုအဓိပ္ပါယ်မဟုတ်ကြောင်းပါဘုရား....စကားအရနားလည်မှုလွဲသွားရင်ခွင့်လွှတ်တော်မူပါမင်းကြီး"

"ဘာမှပြောစရာမရှိရင်ညီလာခံကိုဒီမှာဘဲပြီးဆုံးစေမယ်"

"သင့်မြတ်လှကြောင်းပါဘုရား"

ရှောင်းဘုရင်ကြီးညီလာခံပြီးလို့နားနေဆောင်ပြန်ကာကိုယ်ရံတော်တယောက်ဆင့်ခေါ်လိုက်သည်

"မင်းကြားထားတဲ့အချက်အလက်တွေအကုန်ပြော"

"ဟုတ်ကဲ့ပါမင်းကြီး"

"သခင်လေးရဲ့နာမည်ကရိပေါ်...မျိုးရိုးကဝမ်မျိုးရိုးပါစိုက်ပျိုးရေးအမတ်ကြီးရဲ့တစ်ဦးတည်းသောသားပါ...စာပေပိုင်းမှာထူးချွန်ထက်မြက်ပါတယ်..."
"ဈေးထဲကဈေးသည်နဲ့မရှိဆင်းရဲသားလူအများစု ဝမ်သခင်လေးကို
"ဂရုဏာရှင်ဝမ်သခင်လေး" "ဝမ်အိမ်တော်ရဲ့ကျောက်မြတ်ရတနာ" လို့လည်းခေါ်ကြပါတယ်
"ဝမ်အိမ်တော်ရဲ့ဖြူစင်သန့်ရှင်းသောအလင်းရောင်" လို့လည်းခေါ်ကြပါတယ်"
"ကဗျာစာပေအထူးကြိုက်နှစ်သက်ပါတယ်...အနေအေးသူတယောက်လို့လည်းလူပြောများပါတယ်...အရှင်မင်းကြီး"

𝐾𝑖𝑛𝑔'𝑠 𝑏𝑒𝑎𝑢𝑡𝑖𝑓𝑢𝑙 ℎ𝑢𝑠𝑏𝑎𝑛𝑑Donde viven las historias. Descúbrelo ahora