🌸🌸part (21)🌸🌸

1.9K 168 22
                                    

မနက်ခင်းကိုယ်လုပ်တော်လေးနိုးလာတော့သူမျက်စိဖွင့်ဖွင့်ချင်းမြင်လိုက်ရသည်ကအဝတ်ဝတ်မထားတဲ့
ကျယ်ဝန်းပြည့်မောက်တဲ့ရင်အုပ်ကျယ်ကြီး
သူ့မျက်နှာများနီရဲလာတယ်.....ရင်ခွင်ကျယ်ကြီးပိုင်ရှင်ကိုမော့ကြည့်လိုက်တော့နှုတ်ခမ်းမွှေးစစနဲ့ရှောင်းဘုရင်ကြီး

*အိပ်ပျော်နေတုန်းထင်တယ်....ငါငြိမ်ငြိမ်နေမှ*
ကိုယ်လုပ်တော်လေးစိတ်ထဲမှတွေးကာအသာငြိမ်နေလိုက်တယ်
ရှောင်းဘုရင်ကြီးလက်တစ်ဖက်ကသူ့ခါးလေးကိုဖက်ထားကာရှောင်းဘုရင်ကြီးရဲ့ကျန်လက်တစ်ဖက်ကလက်မောင်းကြီးပေါ်ကိုသူကခေါင်းအုံးထားတာမို့သူလှုပ်လိုက်ရင်လည်းဘုရင်ကြီးနိုးသွားမှာစိုးရိမ်မိတာကြောင့်သာ

"နိုးနေပြီလား"

"ဟမ်...အွန်း...နိုးနေတာကြာပါပြီအရှင်...အရှင်ကဘယ်လိုသိတာလဲ"

"ကိုယ်တော်ရင်ဘက်ကိုလာရိုက်ခတ်တဲ့လေနုနွေးနွေးလေးတွေကပုံမှန်မှမဟုတ်တော့တာကိုယ်တော်ကသတိထားမိတာပေါ့"

ရှောင်းဘုရင်ကြီးနိုးနေတာကြောင့်ကိုယ်လုပ်တော်လေးရှောင်းဘုရင်ကြီးရင်ခွင်ထဲကရုံးထွက်လိုက်တယ်

"မှန်းစမ်း...အွန်းကိုယ်တော့မပူတော့ဘူး
ကြင်ယာတော်ဗိုက်ဆာလား"

ကိုယ်လုပ်တော်လေးရဲ့နဖူးပေါ်လက်တင်ကာအဖျားရှိမရှိတိုင်းနေလိုက်တယ်

"ဗိုက်ကဆာတယ်
ဒါမဲ့လေ....ဒီကချက်တာတွေမစားချင်ဘူး...ပြီးတော့မယ်တော်နဲ့လည်းတွေ့ချင်တယ်"

သူ့ရဲ့အဖိုးတန်တဲ့ကြင်ယာတော်လေးကအပြင်ထွက်ချင်လို့အကြောင်းပြနေမှန်းသူသိတာပေါ့

"ကိုယ်တော်နဲ့နန်းပြင်လျှောက်လည်မလား
နန်းပြင်ကဈေးထဲမှာဘဲတစ်ခုခုစားမလား"

"အဲ့လိုလုပ်လို့ရလား"

"ရတာပေါ့...ကိုယ်တော်အရပ်သားဝတ်စုံလဲလိုက်မယ်လေ"

"အရှင်ကအလုပ်တွေရှိသေးတယ်မလား"

"အပြင်ကိုအရင်ဆုံးထွက်ပြီးမှအလုပ်တွေလုပ်မှာ
ကြင်ယာတော်အဝတ်လဲတော့...စောစောသွားကြမယ်
ဒါမှပိုပြီးစည်ကားမယ်ထင်တယ်"

𝐾𝑖𝑛𝑔'𝑠 𝑏𝑒𝑎𝑢𝑡𝑖𝑓𝑢𝑙 ℎ𝑢𝑠𝑏𝑎𝑛𝑑Kde žijí příběhy. Začni objevovat