🌸🌸part (8)🌸🌸

2.3K 218 10
                                    

ညဘက်စားသောက်ပွဲကြီး၌,

"ဒီညစားသောက်ပွဲမှာအထူးစီစဉ်တခုရှိပါတယ်
ရှောင်းဘုရင်ကြီးရဲ့မင်္ဂလာပွဲအခမ်းအနားမှာကျွန်တော်မျိုးတို့လိုတိုင်းပြည်ငယ်လေးတွေကယဉ်ကျေးမှုအကပေါင်းစုံနဲ့
ဖျော်ဖြေပေးမှာပါ"

ဖြောင်းဖြောင်းဖြောင်း
(လက်ခုပ်တီးသံတွေ)

တိုင်းသူပြည်သားများမှာတော့မမြင်ဖူးတာတွေမြင်ဖူးရအခုလိုစားသောက်ပွဲကြီးမှာစားကောင်းသောက်ကောင်းတွေနဲ့သူတို့ပါ...ပါဝင်ဆင်နွှဲရလို့လက်ခုတ်ဩဘာပေးကာချီးမြှောက်နေကြသည်

"ကြင်ယာတော်ဒီညအရမ်းလှပပြီးကျက်သရေရှိတယ်"

အကများကိုကြည့်ရန်စောင့်ဆိုင်းနေသောကြင်ယာတော်ရဲ့နားသို့ကပ်ကာရှောင်းဘုရင်ကြီးခပ်အုပ်အုပ်အသံဖြင့်ပြောလိုက်သည်

"အရှင်...သိပ်အနားမကပ်ဘဲနည်းနည်းလောက်ခပ်ခွာခွာနေပါဦး
လူတွေအများကြီးနဲ့မသင့်တော်ပါဘူး"

"ကြင်ယာတော်ကရှက်နေတာဘဲ...ဟားဟား
ကိုယ်တော်ကကြည်စယ်လိုက်တာပါ"

ရှောင်းဘုရင်ကြီးမှာကိုယ်လုပ်တော်လေးအနားမှခွာကာတည့်တည့်မတ်မတ်ပြန်ထိုင်လိုက်သည်
ထိုဖြစ်ရပ်များကိုအမတ်များအပါအဝင်တယောက်မှသတိမထားမိလိုက်သော်လည်းမိဖုရားကြီးမှာတော့ကျိတ်ပြီးဒေါသထွက်နေရှာသည်
(သူမြင်လိုက်လို့)

*သူကဒီလောက်လှလို့ကိုယ်လုပ်တော်ချီးမြှောက်ခံရတာတော့မဆန်းဘူး...ဒါပေမဲ့ဘာလို့ငါ့ထက်သာနေရတာလဲ
ဒီလိုကြီးကျယ်ခမ်းနားတဲ့ပွဲကြီးတွေ....
ရှောင်းဘုရင်ရဲ့လက်အောက်ခံနိုင်ငံငယ်တွေကအင်ပါယာရဲ့ဧကရာဇ်ရှောင်းကိုကပ်ဖားပြီးသူတို့မျက်နှာရစေဖို့ဒီကိုယ်လုပ်တော်ကိုသူတို့တိုင်းပြည်ကတန်ဖိုးအရှိဆုံးအရာတွေကိုလက်ဖွဲ့အဖြစ်ပေးမှာအသေချာဘဲ
ကြံတတ်ရင်အကုန်ငါ့အတွက်ဘဲ...သူ့ကိုမရှင်းနိုင်ရင်ငါနေရာပျောက်မှာ...အဟက်ကစားပွဲလေးကစတော့မှာလား*

"ကိုယ်လုပ်တော်ကိုမိဖုရားကြီးကဂုဏ်ပြုပါတယ်
ဂုဏ်ပြုဝိုင်လေးတခွက်လောက်တော့လက်ခံပေးပါ"

𝐾𝑖𝑛𝑔'𝑠 𝑏𝑒𝑎𝑢𝑡𝑖𝑓𝑢𝑙 ℎ𝑢𝑠𝑏𝑎𝑛𝑑Where stories live. Discover now