🍂Extra part (2)🍂

2K 98 1
                                    

"ရှောင်းရှောင်း....ရှောင်းရှောင်း....ရှောင်းရှောင်း
ရှောင်းရှောင်း....ရှောင်းရှောင်း"

"တည်ငြိမ်လွန်းတဲ့ကြင်ယာတော်ကကိုယ်တော့်ကိုဘာလို့ဒီလောက်တောင်ခေါ်နေရတာတုန်း"

"ရှောင်းရှောင်းကခေါ်တာမကြိုက်ဘူးပေါ့
ရပါတယ်....အရှင်မကြိုက်ရင်လည်းဒီကိုယ်လုပ်တော်နောင်မခေါ်ဝံ့တော့ပါဘူး"

"ကိုယ်တော်ကဘာလို့မကြိုက်ရမှာတုန်း
ကြိုက်လွန်းလို့ခက်နေပါရောလား
ကြင်ယာတော်ကရှောင်းရှောင်းလို့တစ်ခါခေါ်တိုင်းဒီကိုယ်တော်အသက်ဆယ်ခါမကသေသွားလောက်အောင်အထိချိုမြိန်လွန်းပါဘိ"

"လွှတ်...ကိုယ်လုပ်တော်နန်းဆောင်ဘဲပြန်တော့မယ်
အရှင့်နန်းဆောင်မှာမနေတော့ဘူး"

ဘုရင်ကြီးပေါင်ပေါ်မှာထိုင်နေရင်းစိတ်ဆိုးကာဘုရင့်နန်းဆောင်ထဲကထွက်သွားမယ်ကြံတော့ရှောင်းဘုရင်ကမတ်တပ်ရပ်နေတဲ့ကိုယ်လုပ်တော်လေးရဲ့ခြေထောက်တွေကိုသူ့ခြေထောက်တွေနဲ့ညှပ်ပြီးခါးလေးကိုသိုင်းဖက်လိုက်တယ်

"ကိုယ်တော့်ကိုနဂါးသလွန်ပေါ်မှာတစ်ကိုယ်တည်းအထီးကျန်စေချင်တာလား
ကြင်ယာတော်ပြောပါဦး"

"အရှင်တစ်ယောက်တည်းကျန်ခဲ့
ကိုယ်လုပ်တော်နန်းဆောင်ကိုလည်းမလာခဲ့နဲ့....ဟွန့်
အ့....အဲ့တာဘာလုပ်တာလဲ...ခဏနေရင်နန်းတွင်းအစေခံလေးတွေစားစရာလာပို့တော့မှာ
မြင်သွားရင်ရှက်စရာကြီး"

ပြန်ချော့လို့မရတဲ့အပြင်စနောက်ချင်တာပါပေါင်းပြီးခါးကိုဖက်တွယ်ထားတဲ့လက်တွေကကိုယ်လုပ်တော်လေးရဲ့အနည်းငယ်ခုံးမို့နေကာသူ့လက်တစ်ဖဝါးနဲ့အုပ်လိုက်ရုံနဲ့ပျောက်ကွယ်သွားတဲ့တင်းပါးတွေကိုဖျစ်ညှစ်လိုက်တော့အရှက်သည်းလွန်းတဲ့ကိုယ်လုပ်တော်လေးကအတင်းပင်ရုန်းတယ်

"အရှင်လွတ်ပေးပါ"

"ကိုယ်တော့်ဥယျာဉ်ထဲမှာစိုက်ပျိုးထားတဲ့အနူးညံ့ဆုံးပန်းပွင့်လေးတွေတောင်အခုကိုယ်တော်လက်ထဲကအရာလေးလောက်မနူးညံ့လွန်းဘူး
တကယ်လို့..ကိုယ်တော်ကမလွတ်ပေးဘူးဆိုရင်ရော"

𝐾𝑖𝑛𝑔'𝑠 𝑏𝑒𝑎𝑢𝑡𝑖𝑓𝑢𝑙 ℎ𝑢𝑠𝑏𝑎𝑛𝑑Tempat cerita menjadi hidup. Temukan sekarang