🌸🌸part (11)🌸🌸

2.1K 195 4
                                    

ကိုယ်လုပ်တော်ဝမ်နန်းဆောင်၌,

"မိဖုရားကြီးဘာကိစ္စများရှိလို့ပါလိမ့်...အထဲဝင်ပြီးထိုင်ပါ"

"ကိုယ်လုပ်တော်ကချို့တဲ့ဆင်းရဲတဲ့တိုင်းသူပြည်သားတွေကို
အလှူတခုလုပ်ပေးမယ်ကြားတယ်ဒီမိဖုရားလည်းပါဝင်ချင်တယ်အဲ့တာဘယ်လိုသဘောရလဲ"

"မိဖုရားကြီးပါအတူတူပေးကမ်းဝေမျှမယ်ဆိုတော့ပိုပြီးတော့မင်္ဂလာရှိသွားမှာပါ...ရပါတယ်"

"မရဘူး...ဒီဘုရင်ခွင့်မပြုဘူး....မိဖုရားကြီးကချို့တဲ့ဆင်းရဲတဲ့တိုင်းသူပြည်သားတွေကိုလှူမယ်ဆိုကျန်တဲ့ကိုယ်လုပ်တော်တွေနဲ့အတူနောက်လမှလှူ...ဒီလကကြင်ယာတော်တယောက်ထဲလှူမှာ"

"အရှင်ဘာလို့ခွဲခြားခွဲခြားဖြစ်နေတာလဲ...မိဖုရားကနန်းတော်ထဲမှာအရှင်ပြီးရင်အာဏာအရှိဆုံးလူတယောက်ပါ
ဒီလိုဘာမဟုတ်တဲ့ကိုယ်လုပ်တော်တယောက်ကိုအောက်ကျို့ခံရမှာလားမိဖုရားရဲ့သိက္ခာကိုထည့်မစဉ်းစားဘူး
အရှင့်ရဲ့လုပ်ရပ်တွေကလွန်လွန်းပါပြီ"

ဖြောင်း....

"ဒီဘုရင်ကိုမင်းကဝေဖန်ရဲတာလား...မင်းကဘယ်လောက်တော်နေလို့ကိုယ်တော့်လုပ်ရပ်တွေကိုသုံးသပ်ရဲတာလဲ
မင်းအတွက်ကိုယ်လုပ်တော်ကဘာမှမဟုတ်ပေမယ့်ကိုယ်တော့်အတွက်တော့မင်းထက်အဆတစ်ရာမကတန်ဖိုးရှိတယ်
စကားမစပ်...လာခဲ့စမ်းမိဖုရားကိုချုပ်ထားပြီးသူ့လက်ဖမိုးကိုစားပွဲပေါ်တင်ထားလိုက်"
"မနေ့ကမင်းရဲ့လက်ဖြူဖြူလေးတွေကကြင်ယာတော်ရဲ့လက်ကိုလက်ဖက်ရည်ပူပူနဲ့တမင်တကာလောင်းချခဲ့တယ်မလား
မင်းကိုယ်တိုင်အသားနာမှအသိတရားတွေရမယ်ထင်တယ်"

"မလုပ်ပါနဲ့...အရှင်...မလုပ်ပါနဲ့"

လက်ခုံပေါ်ကိုလက်ဖက်ရည်ပူပူတွေနဲ့လောင်းချမယ်ကြံတော့
မိဖုရားကအတင်းရုံးကန်ကာအော်သည်
အခြေအနေအစပိုင်းကဘာမှမပြောခဲ့ဘဲငြိမ်နေခဲ့တဲ့ကိုယ်လုပ်တော်လေးဒီအခြေအနေကြီးရောက်မှတော့ဝင်တားဖို့လုပ်ရတော့တယ်

"အရှင်...အနာကပျောက်ခါနီးပါပြီမိဖုရားကြီးကိုလွှတ်ပေးလိုက်ပါ...ကိုယ်လုပ်တော်အဆင်ပြေပါတယ်
ဒါကနှစ်ဦးနှစ်ဖက်အတွက်အကျိုးမရှိပါဘူး"

𝐾𝑖𝑛𝑔'𝑠 𝑏𝑒𝑎𝑢𝑡𝑖𝑓𝑢𝑙 ℎ𝑢𝑠𝑏𝑎𝑛𝑑Donde viven las historias. Descúbrelo ahora