(Unicode)
"Jaehyuk naa"
"ဘာလဲ!!"
"ကျောင်းသွားတော့မလို့လား?"
"မမြင်ဘူးလား?"
"မြင်တယ်လေ "
"မြင်ရင်ဘာလို့မေးနေတာလဲ?"
တကယ်ပင် အနှောင့်လေးကို ရှေ့က ကောင်သေးလေးကို Jaehyuk ဂရုမစိုက်စွာ စက်ဘီးကို ထုတ်နေရင်းပြောလိုက်သည်။
"ဟို"
"အင်းပြော"
"ငါ စက်ဘီး ပျက်သွားလို့"
"အဲ့တော့"
"ငါ့ကို မင်းနောက်က ပေးလိုက်လေ"
Jaehyuk က ရှေ့က ပေကပ်ကပ်နဲ့ ဆံပင်ကို အလယ်ကဖိုးဝရုပ်လေးလိုစည်းထားတဲ့ကောင်လေးကို ကြည့်ရင်း စိတ်မရှည်သလိုခေါင်းခါလိုက်သည်။
(A:N Media က ပုံလေးလိုနော်👀)
"တက်"
"အဟီး..ဒါမှ Jae Jae ကွ"
Jaehyuk က ဘာမှဆက်မပြောတော့ဘဲ ခေါင်းဘဲခါလိုက်သည်။
"Jae Jae ငါလေ မင်းအတွက်မုန့်ယူလာတယ်"
"အင်း"
"သြော် ပြောမလို့ Jae Jae"
"အင်း"
"အန်တီ ဒီတစ်ခေါက်လာဦးမလား?"
"အင်း "
"Jae Jae"
"ဘာလဲ"
"ဟိုဖတ် လမ်းထိပ်က ခွေးမလေးလေ သားပေါက်ထားပြီ"
"အင်း"
ထိုသို့ Asahi ဟာ စကားကို အဆက်မပြတ်ပြောတက်ပါသေးသည်။
ပြီးတော့ ရပ်ကွပ်ထဲမှ ဖြစ်ပျက်သမျှ ကလေးအစ ခွေးအဆုံး သူစိတ်ဝင်စားသည်။
စာဆိုရင်တော့ တစ်လုံးမှ စိတ်မဝင်စား
Math တွက်လည်း အိပ်ငိုက်သည်။စာဖတ်ခိုင်းလည်း ဝိုးတစ်ဝါး ပင်။ အခန်းထဲ လူ၄၀ ရှိတာ Asahi က အမြဲ ၃၉ ရသည်။Jaehyuk ကတော့ ထိုသို့မဟုတ် သူနဲ့ဆန်ကျင်ဘတ်နိုင်စွာပင် စာတော်သည်။
"Jae Jae"
"Asahi "
"ဟင် ပြောလေ Jae Jae"
"မင်းပါးစပ် ခဏပိတ်ထားလို့ရလား?"
"ဟွန့်ဘာလို့လဲ ငါမုန့်စားနေတာကို"