7

289 44 7
                                    

(Unicode)

"အမှတ်အပြည့်ရတာကတော့ ဆရာတို့ ကျောင်းရဲ့ဂုဏ်ဆောင် ကျောင်းသားJeahyukဘဲ!
အမှတ်ပြည့်ရတယ်..ရေးနည်းလည်း တိုးတက်လာတယ်! ဒါထက်ကောင်းအောင်တော့ နည်းနည်းကြိုးစားကြည့်ပေး..သားကတော်ပါတယ်!"

ဆရာရဲ့ပြောသံအဆုံး တစ်ခန်းလုံးထံမှ လက်ခုပ်သံ ထွက်လာသည်!

"ဒီတစ်ခါ အနည်းဆုံးရတာက အမောင် Asahi!!"

အားလုံးရဲ့ အကြည့်များက Asahi ထံပုံကျလာသည်! သူ မကြည့်ရင်တောင် သိသည် Jae Jae လည်းသူ့ကိုကြည့်နေမယ်ဆိုတာ!

"ဘယ်လိုတွေ ဖြေလာတာလဲ!! စာလုံးပေါင်းတွေလည်းတစ်ခုမှ မမှန်ဘူး!! ညဘတ်တွေစာမလုပ်ဘူးလား!"

"လုပ်ပါတယ်ဆရာ!"

"ပန်းကိုတောင်Follow လို့ပေါင်းလာတယ်!!
အခြေနေဘယ်လောက်ထိဆိုးနေပြီလဲ သိလား!
စာလေးတစ်ပိုဒ်ရေးတာတောင်မှန်အောင်မရေးနိုင်ဘူး ဒီတစ်ခေါက်အဆိုးဆုံးဘဲ တစ်မှတ်မှမရဘူး"

"Lol. ..ဟားဟား!"

တစ်ခန်းလုံးရဲ့လှောင်ရယ်သံများက ဝါးခနဲပင်!
ရှက်လိုက်တာ Jae Jae ကို ဖြေနိုင်တယ်ဆိုပြီ လေဖောထားတာကို ㅠㅠ

"နောက်တစ်ယောက်ရှိသေးတယ် Mina
သူက ၃မှတ်!! Mina ဘယ်မှာလဲ?"

"ဆရာ သူ ညနေ ကဖျားလို့ အိမ်ပြန်သွားတယ်!"

"ဟုတ်လား...!!ဒါဆိုလည်း Asahi ကဘဲ အကုန်သန့်ရှင်းရေးလုပ်လိုက် ပြီးမှပြန်နော်!!
မပြီးမချင်းပြန်ဖို့မကြိုးစားနဲ့"

"ဟုတ်"

ဟုတ်ကို စိတ်မပါစွာပြောလိုက်ရင်း ထိုင်လိုက်ရသည်! ဘယ်နှယ့် အိမ်သာ အားကစားခန်း ဟောခန်း အခန်းသန့်ရှင်းရေး အကုန်တစ်ယောက်တည်း လုပ်ရရင် သေရချည်ရဲ့!

"ငါကူပေးရမလား!"

သူငယ်ချင်းမလေးရဲ့ အမေးကို ခေါင်းသာခါလိုက်သည်! Hanso လည်း အိမ်အလုပ်တွေရှိသေးသည်မလား! သူများကို ဒုက္ခမပေးချင်ပါ!

"ရပါတယ် ငါ့အပြစ်ဘဲကို!
ဒီနေ့လည်း ငါ့ Crush လေးနဲ့အတူမပြန်ရ
ပြန်ဘူးㅠㅠ"

"အမလေးနော်..ငါစိတ်လေလိုက်တာ!!"

Jae Jae ကိုလည်း သူ့ကိုစောင့်နေပါလို့မပြောချင်ပါ!သူကစာတော်တဲ့ ကျောင်းသား ကိုယ့်ကြောင့် စာလုပ်ချိန်နောက်ကျသွားမှာလည်း စိုးရိမ်ရသေးသည်!
ကျောင်းဆင်းခေါင်းလောင်းထိုးသည်နှင့် သူငယ်ချင်းများက အလျှိုလျှိုပြန်သွားကြသည်!
ထို့အတူ Jae Jae သည်လည်း လွယ်အိတ်လွယ်ကာ ထွက်သွားသည်!

Always Love You {Jaesahi} ( Uni & Zaw)Where stories live. Discover now