8

334 50 6
                                    

(Unicode)

လေထုတစ်ခုလုံး အေးစက်ကာ အသက်ပင် ရဲရဲမရူလောက်အောင် အခြေအနေက အေးတိအေးစက်နိုင်လွန်းသည်!

"ရပြီလား?"

ခပ်ဆက်ဆက်ထွက်လာတဲ့ Jaehyuk အသံကြောင့် Asahi တစ်ယောက် မျက်မှောင်ကျုံ့လိုက်မိသည်!
ဘယ်နှယ် စာပြပေးဖို့ လာတယ်ဆိုပြီး သူ့ကိုကျတော့ စာဘဲဖတ်ခိုင်းထားပြီး သူကျတော့ သချာ် တွက်နေသည်လေ!

"အခုမှ နာရီဝတ်တောင်မပြည့်သေးတာကို ဒီအပုဒ်လိုက်ကြီးကိုရပါ့မလား ?"

အရင်လို Jae Jae လို့ မခေါ်တာကြောင့် ဒီကောင်လေး စိတ်ကောက်နေမှန်းသိလိုက်သည်!
8နာရီ ခွဲ နေပြီဖြစ်တာကြောင့် ညစာလည်း စားရဦးမယ်ဆိုတော့ ကောင်လေးကို အနားပေးရန် သူဆုံးဖြတ်လိုက်သည်!

"ခဏနားပြီး ထမင်းသွားစား
ပြီးရင် Math တွက်မယ်"

ထိုသို့ပြောကာ Jaehyuk က ထသွားရန် လိုက်တော့ ထိုကောင်လေးက မထသေး ဘဲ Jaehyuk လက်ကို လှမ်းကိုင်ထားသည်!

"အဟမ်း..ခင်များရော ဒီမှာစားသွား"

လည်ချောင်းရှင်းသလို လုပ်ပြီး ပြောတဲ့ စကားလေးကြောင့် Jaehyuk တစ်ယောက် မသိမသာ ပြုံးလိုက်မိသေးသည်! ကလေးဆန်လိုက်တာ စိတ်ကောက်သွားတာနဲ့
"ခင်များ" ဖြစ်သွားရော!

ကောင်ငယ်လေး ထိုင်နေတဲ့ ခုံရှေ့မှာ ဒူးကို ထောက်ကာ ကောင်လေးရဲ့ လက်ကို ဆုတ်ကိုင်ပြီး
ကောင်လေးရဲ့ မျက်နှာကို အတန်ကြာ စိုက်ကြည့်နေမိသည်!

"Jae Jae"

"ဟင်"

"Jae Jae လို့ခေါ်လို့.."ခင်များ "လို့
မခေါ်နဲ့ မကြိုက်ဘူး..
ပြန်ပြောကြည့်
Jae Jae လည်း ဒီမှာထမင်းစားသွား လို့"

ကောင်လေးက ရှက်နေတယ် ထင်ပါရဲ့ မျက်နှာတစ်ခုလုံ ရဲတွက်နေသည်!

"ငါ စိတ်ဆိုးနေတာ"

"ညနေက ကိစ္စ လား?
တောင်းပန်ပါတယ် ကိုယ်က မင်းကို ကောင်းစေချင်လို့ပါ..အမှတ်အများကြီးရရင် ကိုယ်တို့
တက္ကသိုလ် တစ်ခုတည်း အတူတူတက် ခွင့်ရမှာလေ..
ဘာလဲ ကိုယ့်ကို တစ်ယောက်တည်း စိတ်ချလို့လား?

Always Love You {Jaesahi} ( Uni & Zaw)Where stories live. Discover now