(Unicode)
"ညောင်.."
"ဟော...ကြောင်ပေါက်လေး
အရင်က ဒီရပ်ကွက်မှာ မမြင်ဖူးပါဘူး အသစ်ရောက်လာတာလား?""ညောင်..ညောင်"
"အာ..ဘာလဲ ဗိုက်ဆာတာလား?"
"ညောင်.."
"ခဏလေး ကျွေးမယ်"
Asahi ဟာ လွယ်အိတ်ထဲကို တစ်ဆုံးထိ ထိုးနိုက်လိုက်တော့ သူညကျရင် စာကျက်နေရင်း စားမလို့ ဝယ်ထားတဲ့ အားလူးကြော် ထုတ်လေးကို တွေ့သည်။ထိုအထုတ်လေးကိုဖွင့်ပြီး ရှေ့ကမြောင်ပေါက်လေးကို တစ်ခုချင်းစီ ချကျွေးနေမိသည်။
"အင့်စား...ဖြေးဖြေးစားပါလုမစားပါဘူး"
"ညောင်.."
"အင်းပါ..စားစား ရပ်ကွက်ထဲကို ပြောင်းလာတာထင်တယ်.. ငါ့အိမ်လိုက်နေမလား? "
"ညောင်~~"
"ဟင် ကုန်သွားသွားပြီလား?
ငါ့မှာလည်းမရှိတော့ဘူးလေ !!ဒီလိုလုပ် အိမ်လိုက်ခဲ့လေ""ညောင်~~"
မြောင်လေးက သူပြောတာနားလည်သည့်ပုံပင်မပေါ်။သို့သော် Asahi ကလည်း လက်လျော့မည့်ပုံမပေါ် သူဒီမြောင်ပေါက်လေးကို အိမ်ခေါ်သွားချင်သည်လေ။ထိုသို့နဲ့ Asahi တစ်ယောက် လမ်းဘေးကြောင်တစ်ကောင်နဲ့ စကားပြောရင်း နှင့် သူစာအုပ်ပို့ဖို့လာတဲ့ အကြောင်းရင်းကို မေ့လုဆဲဆဲ ဖြစ်သွားသည်။
"ကျွီ!"
စက်ဘီး ဘရိတ်အုပ်သံတစ်ချက် ကြောင့် Asahi ခေါင်းလေးထောင်ပြီး ကြည့်လိုက်တော့ သူ့ရဲ့ နှစ်ယောက်မရှိတဲ့ Crush ကြီး။
"ဘာလုပ်နေတာလဲ?"
"ကြောင်စာကျွေးနေတာလေ Jae Jae ကြည့်လိုက် ကြောင်လေးက ရပ်ကွက်ထဲကို ခုမှ ပြောင်းလာတာထင်တယ် အိမ်ခေါ်သွားရမလားမသိ"
"ကျစ်..ဘယ်သူမွေးထားတဲ့ ကြောင်မှန်းမသိ ပိုင်ရှင်ရှိမှာပေါ့"
"အော်..ဟုတ်သားဘဲ ငါမေ့သွားတယ် "
"Jae Jae ကျောင်းသွားမလို့လား?"
"Asahi မင်းရူးသွားပြီလား ကျောင်းဆင်းလာတာလေ"
"အော် ဟုတ်သားဘဲ..ဒါနဲ့များ အိမ်မပြန်ဘဲ ဘာလုပ်နေတာလဲ အိမ်ပြန်တဲ့လမ်းလည်းမဟုတ်ပါဘူး"