(Unicode)
အိပ်ယာထနောက်ကျသွားတာမို့ အမြန်ဆုံး ပြင်ဆင်ပြီး လက်ကနာရီကို တစ်ချက်ကြည့်မိတော့ ကျောင်းတက်ရန် နာရီဝတ်ပင်လိုတော့သည်!
သေချာသည် ဒီပုံအတိုင်းဆို Jae Jae ကတော့ကျောင်း သွားနှင့်ပြီဆိုတာ!
မနေ့က မှ ပြင်ဆိုင်က ယူထားတဲ့ စက်ဘီးလေးကို ထုတ်ရင်း ကျောင်းသို့ အမြန်ဆုံးရောက်အောင်နင်းလိုက်သည်!စက်ဘီးကိုလည်း Jae Jae စက်ဘီးနဲ့ ဘေးချင်းကပ် ရပ်ရတာကြိုက်တဲ့ Asahi က Jaehyuk စက်ဘီးဘေးက စက်ဘီးတစ်ခုကို မပြီး နေရာရွေ့ကာ သူ့ရဲ့ စက်ဘီးလေးကို Jaehyuk စက်ဘီးဘေးမှာ ဒေါက်ထောက်ကာ ရပ်လိုက်သည်!
"အဟဲ ခုမှ ပြည့်စုံသွားပြီ!"
စက်ဘီးရပ်ထားပုံလေးကို တစ်ချက်ချီးကျူးပြီး အခန်းဆီ အမြန်ဆုံးပြေးလိုက်သည်!
"Wow. .ရောက်တော့လာသေးတာဘဲ
ဘာလဲ ဒီနေ့ Essay ဖြေရမှာရောသတိရသေးလား?"Hanso က အစဖော်ကာ ပြောလိုက်မှ တစ်စုံတစ်ခုကို သူသတိရသွားသည်!
ဟုတ်သား သူမေ့နေတာ မနက်ကထိ သူအေးဆေးလုပ်နေသေးတာ!"ဟဲ့..သွားပြီ!!"
"ဘာ သွားတာလဲ!!"
"ငါ Essay ဘာမှ မကြည့်လာလို့!"
"Aww. ..အထူးအဆန်းလုပ်လို့
၅မှတ်ရအောင်တော့ လျှောက်ဖြေလိုက်ပေါ့""စိတ်ညစ်ပါတယ်..Hanso ya ငါ့ကို နည်းနည်းပြောပြနော်!"
"နေရာတွေ လဲရမယ်ထင်တယ် Asahi ya"
"စိတ်ညစ်တယ် ဟိုကောင်မနဲ့ ကျရင်သွားပြီ !"
သူပြောတဲ့ ဟိုကောင်မဆိုတာ Yunbyul ပင်ဖြစ်သည်!
Yunbyul က အခန်းထဲမှာJaehyuk က
အဆင့်1 ဆို သူ အဆင့် 2 ပင်!
သူ့ဟာသူနေတဲ့ Yunbyul ကို Asahi က ဘာကြောင့် ကြည့်မရတာလဲ ဆိုရင် ထို Yunbyulဆိုတဲ့ အနှီးကောင်မလေးက Jaehyuk နားကို တောက်လျှောက် ကပ်နေတာကြောင့်ပင်!
မြွေမြွေချင်းခြေမြင်တယ် ပြောရမလား အဲ့ Yunbyul ရဲ့အကွက်တွေကို Asahi သိသည်!
ဒါကြောင့် သူ Yunbyul ကို တစ်စက်ကလေးမှ
ကြည့်မရပေ!သို့သော်လည်း ကံဆိုးစွာပင် သူဟာ Yunbyul နဲ့တစ်ခုံတည်းကျသည်!
သူငယ်ချင်းမလေး Hanso ကတော့ စိတ်မကောင်းပါဘူးဆိုတဲ့ အကြည့်များနှင့်!