(Unicode)
ဒီနေ့တော့စောစောပြန်ရသည်။
မနေ့ကထက်တော့ ခြေထောက်နာတာရော အနည်းငယ်သက်သာသည်။
နေသားကျသွားလို့ထင်ပါရဲ့။Asahi သူ့ရဲ့မူပိုင်စက်ဘီးလေးကိုထုတ်ကာ အိမ်သို့ပြန်ရန်ပြင်လိုက်သည်။
သို့သော်...."ငါလိမ်တာမကြိုက်ဘူးဆိုတာသိတယ်မလား?"
"အမလေး လန့်လိုက်တာ Jae....JaeJae"
"ပြောတော့ Hanso အိမ်မှာစာသွားလုပ်တာပါဆို အခုဒါက ဘာလုပ်တာလဲ"
"ဟို..ဟိုလေ"
"အင်းပြော..မင်းပါးစပ်ကထွက်လာမယ့်အမှန်တရားကို ငါစောင့်နေတယ်"
Asahi မျက်လွှာချလိုက်သည်။
မျက်လုံးတို့ က Jaehyuk ကိုတည့်တည့်မကြည့်ရဲပေ။
အကြည့်တို့က ဖိနပ်ထိပ်လေးနှစ်ခုကို ကြည့်ရင်း မရဲတရဲဆိုမိသည်။"ဟို..အချိန်ပိုင်းလုပ်နေတာ"
"ဘာအတွက်လဲ"
မတုံ့ဆိုင်းပဲ ထွက်လာသည့် JaeJae ရဲ့အမေး။
"ဟို ပိုက်ဆံလိုလို့"
"ပိုက်ဆံက ဘာလို့လိုတာလဲ အန်တီက မုန့်ဖိုးမပေးဘူးလား?"
"မဟုတ်ပါဘူး..ဟိုဟိုဒီဒီ ဝယ်မလို့"
Jaehyuk က Asahi ရဲ့ ခေါင်းအစခြေအဆုံး သေချာစိုက်ကြည့်နေသည်။
ပြီးနောက် သက်ပြင်းတိုးတိုးလေးချလိုက်သည်။"Asahi!"
"....."
"ဒီကိုကြည့် ငါ့မျက်လုံးကို တည့်တည့်ကြည့်"
"......."
မအူမလည်နှင့် မော့ကြည့်လာသည်။
"ငါ့အတွက်ဆိုရင်တော့ ဒီအလုပ်မလုပ်ပါနဲ့ ငါမင်းပင်ပန်းတာ မကြည့်ရက်လို့!"
"....."
Asahi ဘာပြန်ပြောရမလဲ မသိတော့ပေ။
ဘာလို့လဲ ဘာလို့မကြည့်ရက်တာလဲ?
သူငယ်ချင်းကပင်ပင်ပန်းပန်းလုပ်နေရတာကို စာနာလို့လား?"လာ..အခုတော့အိမ်ပြန်ရအောင်နောက်ကျနေပြီ
မနက်ဖြန်ကစပြီးဒီအလုပ်ကို ထွက်တော့ မဟုတ်ရင် ငါမင်းကို အန်တီနဲ့ တိုင်မယ်"