(Unicode)
တစ်ဒေါက်ဒေါက်နဲ့ လမ်းလျှောက်လာတဲ့ သူမခြေလှမ်းတို့က တစ်နေရာအရောက်မှာ အလိုလိုပင်ရပ်တန့်သွားသည်!
"မနေ့က ဘာလို့ ph မကိုင်တဲ့ Jaehyuk na~~"
ပုံမှန်ထက်ချိုသာလွန်းလှစွာသော အသံနဲ့ သူက Jaehyuk ကို ပြောသော်လည်း Jaehyuk ကမူ တုတ်တုတ်မှမလှုပ်ပေ!
တကယ်တော့ မနေ့က Ph no ကိုဖျက်လိုက်တာကြောင့် နံပါတ် အစိမ်းဖြစ်နေတာမို့ Jaehyuk မကိုင် ခြင်းပင်!
ပြီးတော့ အချိန်က ညလယ် 1 နာရီပင် ရှိနေပြီလေ!"ညက အိပ်ပျော်သွားတာ!"
"အို..sorry ဗြောလေးက အဲ့ချိန်ထိ စာလုပ်နေတုန်းမို့ မရတဲ့ အပုဒ်လေး လှမ်းမေးမလို့ ဆက်လိုက်တာ.အိပ်တာ အနှောက်အယှက်ဖြစ်သွားရင် ဗြောလေးက တောင်းပန်ပါတယ်နော်!"
ခပ်စူးစူးထွက်လာတဲ့ရေမွှေးနံ့က
Jaehyuk လုံးဝမခံနိုင်ပေ!
အမွှေးနံ့သာ တွေက တစ်စုံတစ်ယောက်ရဲ့ ကိုယ်သင်းနံ့လေးလောက်တောင် မမွှေးဘဲ သူ့စိတ်အစုံကို ညစ်ညူးစေသည်လေ!
သူမအနားမှာ ကြာကြာနေရင် အန်ထွက်တော့မည့်စိတ်အစုံကြောင့် မြန်မြန်ပင် ပြောလိုက်သည်!"ရတယ်!"
"အင်း..ညနေ ဗြောလေး တိုင်ပင်စရာရှိလို့ အတူတူပြန်လို့ရမလား?"
Jaehyuk က တစ်စုံတစ်ခုကို လေးလေးနက်နက်စဥ်းစားဟန်ပြုကာ ဗြောလေး နောက်က ကောင်လေးထံ အကြည့်ပို့လိုက်တော့ ထိုကောင်လေးက သူ့ကို လားလားမှ ကြည့်မနေပါဘဲ ဘေးကတစ်ယောက်နဲ့သာ ရီရီမောမော စကားပြောနေတာကြောင့် ဒေါသ ထောင်းခနဲထွက်သွားသည်!
ဘာကြောင့်များ ဒေါသ ထွက်သွားရလဲ
သူမသိပေ!
ထို့ကြောင့်ဘဲ ကောင်လေးနဲ့ အတူပြန်မယ်ဆိုတဲ့ ကတိတစ်ခုကို ဖျက်ကာ လွယ်လွယ်ပင် ခေါင်းငြိမ့်လိုက်သည်!"အင်း ရတယ် ကျောင်းဆင်းရင် အတူတူပြန်မယ်!"
"ဖောက်!"
Jaehyuk ပြောပြီးသည်နှင့် ပြိုင်တူထွက်လာသည့် "ဖောက်" ဆိုတဲ့အသံက အခြားတော့မဟုတ်
Asahi လက်ထဲမှ ကိုင်ထားသည့် ဘောပင်လေး ပြုတ်ကျသွားခြင်းပင်!