(Unicode)
မနက်စာစားနေတဲ့ စားပွဲဝိုင်းက တိတ်ဆိတ်လျှက်သား။ အငယ်ကောင်ကလည်း ရှေ့မှာချထားသည့် မုန့်ကိုသာ အားရပါးရစားနေသည်။
"သားကြီး ဘယ်လိုလဲ စာတွေရော အဆင်ပြေရဲ့လား"
တိတ်ဆိတ်မှုကို ဖြိုခွင်လိုက်သည့် မေမေ့အသံ။
"ကျွန်တော့်အတွက်စိတ်မပူပါနဲ့ "
"သားအတွက်စိတ်မပူပါဘူး သားကိုယုံပြီးသား
သား တက္ကသိုလ်တတ်ရင် ဆိုလ်းကိုလိုက်မလား?""ဗျာ"
"ဒီမှာလည်း တက္ကသိုလ်တွေရှိတာ မေမေနားလည်ပါတယ် ဒါပေမယ့်..."
"ကျွန်တော်စဥ်းစားလိုက်ပါဦးမယ်"
စကားဝိုင်းကိုရော စားလတ်စကိုရော အမြန်လတ်စသတ်ကာ Jaehyuk တစ်ယောက် ထွက်လာခဲ့သည်။
အပြင်မရောက်ခင် ကြားလိုက်ရပါသေးသည်။"ညနေစောစောပြန်ခဲ့ ထမင်းအတူစားမယ်"တဲ့လေ။
>>>>>>>>>>>>>>>>>
"အာ..JaeJae ထွက်လာပြီ ငါစောင့်နေတာ မအကြာကြီးပဲ"
ရှေ့က ကောင်လေးက တက်ကြွစွာပင်။
"ဘယ်လိုလဲ အလုပ်ထွက်လိုက်ပြီမလား?"
"အင်းပါ မလုပ်တော့ပါဘူး ဒီနေ့ပဲ ထွက်လိုက်တော့မယ်"
ပုံမှန်ပျော်နေတဲ့ ကောင်လေးက အခုလည်းစက်ဘီးကို တတ်ကြွစွာနင်းနေပြန်ပြီ။
"ပျော်စရာတစ်ခုခုရှိလို့လား?"
"ဟင်..ဘယ်သူလဲ ငါလား?"
"ဒီမှာ မင်းနဲ့ ကိုယ်ပဲရှိတာ မင်းကိုမမေးရင် ဘယ်သူ့ကိုမေးရမှာလဲ"
လေသံက ဒေါသသံမျိုးမဟုတ်ပဲ ခပ်အေးအေးနှင့် နည်းနည်းရှိန်စရာပင်။
"မဟုတ်ပါဘူး..ညနေကျရင် JaeJae
အမေက အိမ်မှာထမင်းအတူစားကြမှာဆိုလို့ပါ""....."
သြော်..ဒါကြောင့် အိမ်ကိုစောစောပြန်လာခိုင်းတာကိုးလို့ တွေးလိုက်မိသည်။
"JaeJae ကဘာဖြစ်နေတာလဲဟင်
အသံကလည်းတစ်မျိုးကြီးပဲ စိတ်ညစ်စရာရှိလို့လား"