01

22.1K 1.8K 96
                                    

[  Zawgyi  ]
  
အတန်းချိန်တစ်ချိန်လွတ်တာကြောင့် စာသင်ခန်းထဲမှာ စကားသံတွေပြည့်နှက်နေတယ်။ ကျောင်းသူတွေက အချင်ချင်းစကားပြောနေကြပြီး ကျောင်းသားတွေကတော့  စကားများလိုက်၊ အော်ကျယ်အော်ကျယ်စကားပြောလိုက်လုပ်နေတယ်။

တချို့ကျောင်းသားတွေက စာသင်စားပွဲပေါ်ကို တတ်ထိုင်နေပြီး စကားပြောနေကြတယ်။တစ်မနက်လုံး စာသင်ချိန်တွေတောက်လျောက်ဆက်နေပြီး အခုနေ့လယ်မှ တစ်ချိန်အားတာကြောင့် ကျောင်းသားတွေကတော်တော်လေးကို ပျော်နေတယ်။

ဆရာက လုပ်စရာရှိတဲ့စာလုပ်နေလို့ပြောသွားပေမဲ့ စာလုပ်တဲ့လူကမရှိသလောက်ရှားတယ်။ အားလုံးက စကားပြောပြီးသာအချိန်ဖြုန်းတယ်၊ တစ်ချို့က အိပ်ပြီးတော့အနားယူတယ်။

အခန်းထဲက တအားဆူနေပြီး လူတိုင်းနီးပါးစကားပြောနေတာက ရှောင်းကျန့်အတွက် နည်းနည်းတော့ အနှောက်အယှက်ဖြစ်တယ်။ ဒါပေမဲ့ အားလပ်ချိန်ဖြစ်တာကြောင့် အတန်းသားတွေ အခုလိုအချိန်ဖြုန်းတာကို သူနားလည်တယ်။

ဒါကလဲ အားလပ်ချိန်တိုင်းဖြစ်နေကျမို့ သူ့အတွက် အကျင့်တောင်ပါနေပြီ။ ဖတ်လက်စ စာကိုသာအာရုံစိုက်ပြီး စာကြည့်နေလိုက်တယ်။

အားလုံးက အားလပ်ချိန်ကို ပျော်ပျော်ပါးပါးဖြတ်သန်းနေပေမဲ့ သူကတော့ စာကိုသာလုပ်တယ်။ အားရင်စာကျက်တယ်။ တွက်စရာရှိတာတွက်တယ်။ ဒါက သူ့ရဲ့ ပုံစံပဲဖြစ်တယ်။

"တစ်ခါတလေ ပျော်ပျော်ပါးပါးနေကြည့်ပါလား ရှောင်းကျန့်ရာ ၊ မင်းကိုကြည့်တိုင်း စာပဲလုပ်နေတာ ၊ ဒါကြောင့်လဲ အမြဲတမ်း အမှတ်ပြည့်နေတာမဆန်းပါဘူး"

ဒီစကားတွေက သူတော်တော်ကြားရတဲ့စကားတွေဖြစ်တယ်။ ရှောင်းကျန့်က စာကြိုးစားတယ်။ စာကျက်တယ်။ အမြဲတမ်း အချိန်ကိုအကျိုးရှိရှိအသုံးချတတ်တယ်။ဒါကြောင့်လဲ အမြဲတမ်းပထမနေရာကရှောင်းကျန့်အတွက်သာဖြစ်လာတယ်။

နာရီကိုကြည့်လိုက်တော့ အားလပ်ချိန်ကုန်ဖို့နာရီဝက်လောက်ကျန်သေးတယ်။ အတန်းသားတွေကတော့ စကားပြောတုန်းပဲ။ နောက်တန်းက ကောင်လေးတချို့ကလဲခုံပေါ်မှာခေါင်းတင်ပြီး အနားယူနေကြတယ်။

Bae ~Where stories live. Discover now