[ Zawgyi ]
တစ်ကိုယ်လုံး လှုပ်မရလောက်အောင်ဖြစ်နေတာကြောင့် ရှောင်းကျန့် မျက်လုံးကို ကြိုးစားဖွင့်ကြည့်လိုက်တယ်။အိပ်ထားတာကြောင့် မျက်လုံးက ရှောင်းကျန့်စကားကိုနားမထောင်ဘူး။ ပြန်ပြန်ပဲမှိတ်သွားတယ်။
ဒါပေမဲ့ နေရတာလဲ တော်တော်လေးအဆင်မပြေလှတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ ရှေ့တည့်တည့်မှာ ရင်ဘက်ကြီး။
မျက်မှောင်ကြုတ်ပြီးအပေါ်ကိုမော့ကြည့်တော့ ဝမ်ရိပေါ်ကြီး။
ရှောင်းကျန့်မအော်မိအောင်ထိန်းထားရတယ်။ဝမ်ရိပေါ်နဲ့ အတူတူ သူအိပ်နေတာလား။
ဘယ်လိုဘယ်လိုဖြစ်သွားမှန်းတောင် သူနားမလည်တော့။ ဝမ်ရိပေါ်ကတော့အေးအေးဆေးဆေးပဲ အိပ်နေတယ်။
ဆေးသောက်ထားတော့ နေရတာသက်သာသွားပြီထင်ပါရဲ့။ နဖူးကိုအသာစမ်းကြည့်တော့ အရမ်းမပူတော့ဘူး ။ ငွေ့ငွေ့လေးတော့ ပူနေသေးတယ်။
သူတို့နှစ်ယောက်က အရပ်တအားကွာတာမဟုတ်။ ရှောင်းကျန့်ကလဲ ပုပုသေးသေးလေးမဟုတ် ။ အခုလို ကလန့်ကလားနဲ့ ဝမ်ရိပေါ်ရဲ့ လင်မောင်းပေါ်မှာ အုံးနေတာ တော်တော်လေးကြည့်ရဆိုမှာ။
ဆက်ပြီးမအိပ်ချင်တော့တာကြောင့် ဖြည်းဖြည်းလေးထလိုက်ပေမဲ့ ဝမ်ရိပေါ်ရဲ့ လက်တစ်ဖက်က ရှောင်းကျန့်ရဲ့ ခါးတစ်ဝိုက်ရစ်ပတ်ထားတယ်။
ဝမ်ရိပေါ်ရဲ့ လက်တွေက တအားတင်းကျပ်နေပြီး လှုပ်ဖို့တောင်မလွယ်ဘူးဖြစ်နေတယ်။ရှိသမျှအားကို လက်မှာထည့်ထားသလားအောက်မေ့ရတယ်။
ဆက်လှဲလို့အဆင်မပြေဘူး။ကြိုးစားပြီး ထိုင်လိုက်တော့ ဝမ်ရိပေါ်က အင်းအဲလုပ်လာတယ်။
ရှောင်းကျန့်က မွေရာပေါ်မှာထိုင်ပြီး နာရီကြည့်လိုက်တော့ နေ့လယ်တောင်ရောက်နေပြီ ။ ဝမ်ရိပေါ်အိမ်ကိုရောက်တာတော်တော်လေးကြာပြီပဲ။
နဖူးကို ထပ်စမ်းကြည့်လိုက်တော့ အဖျားကပိစိလေးကျန်သေးတယ်။
" ဆေးထပ်သောက်ဖို့ ငါဆန်ပြုတ်လုပ်လိုက်ဦးမယ် "
"မသောက်ချင်ဘူး"