[ Zawgyi ]
တွေးရင်း တွေးရင်း ဒေါသပိစိလေးထွက်လာတယ်။အခုချိန်ထိ ရှောင်းကျန့်လက်မခံနိုင်သေးပါ။ ဝမ်ရိပေါ်က ခွေးလိုမျိုး သူ့ကိုကိုက်သွားတယ်။ ပြီးတော့ ပထမဆုံးအနမ်းကိုလဲ အငမ်းမရ ရယူသွားသေးတယ်။
သူ့နှုတ်ခမ်းက ဖူးယောင်နေတာမြင်လို့တောင်မကောင်း။
အတန်းထဲ ပြန်ရောက်တော့ ဟိုင်မင်က မေးတော့ပိုရှက်ရသေးတယ်။
ပထမဆုံး အနမ်းဆိုတာ ညင်ညင်သာသာလေးနမ်းရမှာမဟုတ်ဘူးလား ။ ဘာကိစ္စ နီရဲ ဖူးယောင်သွားတဲ့အထိ နမ်းရတာလဲ။
တွေးရင်း စိတ်တိုလာတာမို့ ဘေးနားက ခေါင်းအုံးကိုသာ ဖျစ်ညှစ်ပစ်လိုက်တယ်။
ဒီနေ့က ကျောင်းပိတ်ရက်မို့ ရှောင်းကျန့်အေးဆေးပဲ။ သူ့ထက်ပိုအေးဆေးတာကတော့ ဝမ်ရိပေါ်ပဲဖြစ်လောက်တယ်။
ကျောင်းမတတ်ရလေ ကြိုက်လေ ပိတ်လေ ကြိုက်လေပဲ။ ဘယ်တော့မှ ကျောင်းမဖွင့်ရင် ဝမ်ရိပေါ်တို့က သိပ်သိပ်ကြိုက်။
အဲ့ဒီညစ်တီးညစ်ပက်က အခုထိမထသေးပုံရတယ်။
ခါတိုင်းဆို ကျောင်းပိတ်ပေမဲ့ မနက်ပိုင်းအမြဲဖုန်းခေါ်နေကျ။အခုတော့ မဆက်သေး။
ရှောင်းကျန့်တောင် မနက်စာ စားပြီးနေပြီ ဝမ်ရိပေါ်က ဖုန်းမခေါ်သေးဘူး။
စာကလဲ ကျက်စရာသိပ်မရှိတာကြောင့် ဖုန်းကိုယူပြီး game ခဏဆော့နေလိုက်တယ်။
၁၅မိနစ်လောက်ကြာတဲ့အထိဆော့ပြီးတော့ သူနနေနိုင်တော့။
ဘာကိစ္စဝမ်ရိပေါ်က ဖုန်းမဆက်သေးတာလဲ။ နေမကောင်းလို့လား။
Contacts ထဲက အသဲပုံ emoji တွေအများကြီးပါတဲ့ နံပါတ်ကိုနှိပ်လိုက်တော့ ဖုန်းကချက်ချင်းမကိုင်။
ခဏလောက်နေမှ တစ်ဖက်ဖုန်းကိုင်တယ်။
"အင်း Bae ~"
ထူးလာတဲ့ အသံက အိပ်နေတဲ့အသံကြီးပဲ။
"ရိပေါ်အိပ်တုန်းလား"
"အင်း ကိုယ်နေမကောင်းလို့"
"ဟုတ်လား မင်းအခုဆေးသောက်ထားလား"