08

13.4K 1.4K 47
                                    

[  Zawgyi  ]
  
ဒီနေ့တော့ ရှောင်းကျန့် အစောကြီး ကျောင်းကိုသွားလိုက်တယ်။ သူ ဝမ်ရိပေါ်ကို မစောင့်တော့ဘူး။

မဟုတ်ဘူး မစောင့်ချင်ဘူး ။ ညက ကိစ္စတွေကိုတွေးပြီး သူမျက်နှာပူတုန်းပဲ။

ဝမ်ရိပေါ်နဲ့ မျက်နှာချင်းဆိုင်ရမှာ သူကြောက်နေတယ်။

ဒါကြောင့် ခါတိုင်း ဝမ်ရိပေါ်လာတဲ့ အချိန်ထက် နာရီဝက်စောပြီး ကျောင်းကို တစ်ယောက်တည်းထွက်လာလိုက်တော့ အဆောင်မှူးကတောင် တအံ့တသြဖြစ်နေသေး။

စာအရေးတကြီး လုပ်စရာရှိလို့ဆိုပြီး ပြောလိုက်တော့ အဆောင်မှူးက ဘာမှမပြောတော့။

လွယ်အိတ်ကြိုးလေးကိုတင်းနေအောင်ကိုင်ပြီး တစ်ယောက်တည်း ကျောင်းကိုချီတတ်လာလိုက်တယ်။

ဝမ်ရိပေါ် သိရင်ဘယ်လိုနေမလဲမသိဘူး။ လောလောဆယ်တော့ မတွေချင်သေး။

စိတ်ဆိုးလဲ ခဏပေါ့။ နောက်မှပြန်ချော့လိုက်မယ်။

ကျောင်းဝန်းထဲဝင်လာတော့ ဂိတ်စောင့်ဦးလေးကို နှုတ်ဆက်ပြီး အခန်းဆီကိုပဲ တန်းလာလိုက်တယ်။

တကယ်ဆို ကျောင်းတတ်ဖို့က မိနစ်၃၀လောက်လိုသေးတာမို့ ကျောင်းဝန်းထဲမှာ ကျောင်းသားက သိပ်မရှိသေးဘူး။

ရှောင်းကျန့်အခန်းထဲရောက်တော့ဟိုင်မင်က မျက်လုံး ပြူးကြည့်လာတယ်။

သရဲ သဘတ်ကိုမြင်လိုက်ရတဲ့အတိုင်းကြည့်နေတဲ့ ဟိုင်မင်ကြောင့် ရှောင်းကျန့် ခပ်ဟဟရယ်လိုက်မိတယ်။

"ဘာဖြစ်နေတာလဲ"

"မင်းအစောကြီးပါ့လား ဝမ်ရိပေါ်ရော"

"သူ မပါဘူး"

"ဟမ်! ဘာကိုသူ မပါတာလဲ"

တအံ့တသြမေးလာတဲ့ ဟိုင်မင်ရဲ့ ဘေးနားကခုံမှာထိုင်ပြီး လွယ်အိတ်လေးကို စားပွဲပေါ်တင်ထားရင်း ခေါင်းအုံးလိုက်ပစ်လိုက်တယ်။

တစ်ယောက်တည်းအစောကြီး လာပြီးမှ သူကြောက်နေပြီ။ ဝမ်ရိပေါ် နှာဗူးကြောင့်။

"ငါမေးတာဖြေဦးလေ ၊ မင်းတစ်ယောက်တည်းဘာလို့လာတာလဲ ၊ အမြဲတမ်း ဝမ်ရိပေါ်နဲ့ အတူလာနေကျကို"

Bae ~Where stories live. Discover now