[ Zawgyi ]
Self-study ချိန်က ၂ချိန်ဆက်တိုက်ဆိုတော့ ကျောင်းသားတွေအကြိုက်။ စာမေးပွဲကလဲလိုသေးတော့ စာကိုသိပ်ပြီးအာရုံထဲမထည့်ကြ။ထုံစံအတိုင်း ဆရာက လုပ်စရာရှိတဲ့စာလုပ်ကြဆိုပြီးထွက်သွားတော့ အတန်းကနည်းနည်းဆူညံလာတယ်။
စကားပြောတဲ့လူတွေ အိပ်တဲ့လူတွေနဲ့ မသိရင်အားလပ်ချိန်လိုပဲ။
ရှောင်းကျန့်ကတော့ ထုံးစံအတိုင်း စာအုပ်ကိုသာကြည့်နေတယ်။ စာမေးပွဲကလိုသေးတယ်ဆိုပေမဲ့ ခုကတည်းကကြည့်ထားတော့ ပိုကောင်းတာပေါ့။
စာကြိုးစားဖို့ အတန်တန်မှာတဲ့ မိဘတွေရယ်၊ နဂိုကတည်းက စာကြိုးစားတတ်တဲ့အကျင့်ရယ်ကြောင့် အမြဲတမ်းလိုလိုစာကိုသာကြည့်မိတယ်။
အတန်းကဆူနေလို့သိပ်ပြီး စာကျက်မရပေမဲ့ မှတ်စရာရှိတာတော့မှတ်ရတယ်။
ဘေးနားကဟိုင်မင်ကတော့ သူကိုကြည့်ပြီးမျက်နှာမဲ့တယ်။
"စာဂျပိုးပဲဟေ့ "
ဘာမှပြန်မဖြေဘဲ ခပ်ဟဟရယ်ပြီးစာကိုပဲကြည့်တော့ဟိုင်မင်က သက်ပြင်းချတယ်။
"ဒီတိုင်းဆို မင်းတော့မျက်မှန်တပ်ရ တော့မယ်"
"ငါ့မျက်လုံးကအကောင်းကြီးပါကွ"
"အားတဲ့အချိန် ဇာတ်လမ်းလေးဘာလေးကြည့် သီချင်းလေးနားထောင် စိတ်ပြေလက်ပျောက်နေစမ်းပါ "
"ငါကမှမလုပ်ချင်တာ"
သူ့ရဲ့ စကားကြောင့် ဟိုင်မင်က သက်ပြင်းအကြီးကြီးချတယ်။ မနိုင်တော့ဘူးဆိုတဲ့သဘောနဲ့ လက်ပြပြီး တစ်ဖက်လှည့်သွားတယ်။
ခုံပေါ်မှာ ခေါင်းမှောက်ပြီးအိပ်နေတဲ့ ဟိုင်မင်ကစာသင်ချိန်တွေမှာတော်တော်လေးပင်ပန်းသွားပုံရတယ်။
လက်နှစ်ဖက်ကိုခုပြီးအိပ်တော့မဲ့ပုံပဲ။
အကြည့်လွှဲရင်း စာထဲကိုသာအာရုံပြန်ထည့်လိုက်တယ်။ ငယ်ငယ်ကတည်းက စာကိုကြိုးစားဖို့ မိဘတွေက အတင်း ဖိအားပေးတတ်တယ်။
ပညာရေးကို တအားအလေးပေးတော့ သူကိုယ်တိုင်လဲ မိဘတွေရဲ့ သဘောအတိုင်းတဖြည်းဖြည်းနေသားကျလာတယ်။