[ Zawgyi ]
သချာင်္ချိန်ပြီးတဲ့နောက် အားကစားချိန်ဖြစ်တယ်။တစ်မနက်လုံး သချာင်္ချည်းဆက်တိုက်သင်ထားရတဲ့အတွက်ကြောင့် ကျောင်းသားတွေကတော်တော်လေး ပျင်းရိငြီးငွေ့နေပြီ။
ဆရာမထွက်သွားပြီးတဲ့နောက်မှာတော့ တိတ်ဆိတ်နေတဲ့အခန်းက စကားသံတွေနဲ့ ဆူညံသွားတယ်။ တချို့ကလဲ အပျင်းကြောဆန့်နေကြတယ်။
"အားကစားချိန်ပဲ ၊ မင်းစာလုပ်မှာလား"
"ငါလား ငါမသိသေးဘူး"
ရှောင်းကျန့် ဖြေလိုက်တော့ ဟိုင်မင်က မျက်လုံးပြူးသွားတယ်။ ဟိုင်မင်က ပြူတင်းပေါက်ဘောင်ပေါ်မှာတတ်ထိုင်ပြီး အပြင်ဘက်ကိုကြည့်နေတယ်။
" မင်းကလဲ အမြဲတမ်းစာပဲလုပ်နေတယ်၊ ဦးနှောက်ကြီးပျက်သွားဦးမယ်"
ဟိုင်မင်ရဲ့ စကားကြောင့်သူခပ်ဖွဖွသာရယ်လိုက်တယ်။ ပြီးတော့ ဖုန်းကိုထုတ်ပြီး Class 3 ရဲ့အချိန်စာရင်းကိုကြည့်လိုက်တယ်။
Class 3 က ဝမ်ရိပေါ်ရဲ့ အခန်းဖြစ်တယ်။ဆိုးသွမ်းနေတဲ့ ကျောင်းသားတွေစုဝေးတဲ့နေရာတစ်ခုဆိုလဲ မမှားဘူး။
ဝမ်ရိပေါ်တို့အတန်းကလဲ သူတို့နဲ့အတူတူပဲ ။ အားကစားချိန်ဖြစ်တယ်။
ဝမ်ရိပေါ်ကအားကစားကိုနှစ်သက်တဲ့အတွက်ကြောင့်သေချာပေါက် basket ball ကွင်းမှာရှိနေမှာသေချာတယ်။
ခုံပေါ်က စာအုပ်တွေကိုသိမ်းပြီးတော့ မတ်တတ်ရပ်လိုက်တယ်။
"ဘယ်သွားမလို့လဲ ၊ အားကစားခန်းမလား"
ဟိုင်မင်ကမေးတော့ သူခေါင်းညိတ်ပြလိုက်တယ်။
"အင်း ဟုတ်တယ် "
"ဖြစ်ပါ့မလား ၊ အားကစားချိန်ဆိုတော့ ဟိုဘက်ခန်းက ကောင်တွေလဲ ရှိနေတာကို "
"ရပါတယ် ရိပေါ်ရှိနေတာကို"
Class 3 ကကျောင်းသားတွေက တော်တော်ဆိုးတယ်။ ဝမ်ရိပေါ်နီးပါးပဲလို့ကြားရတယ်။
ရှောင်းကျန့်ကတော့ အဲ့ဒီအခန်းက ကျောင်းသားတွေကို တစ်ခါမှမမြင်ဖူးသလို တစ်ယောက်မှလဲ မသိဘူး။