07

14K 1.4K 123
                                    

[  Zawgyi  ]
  
စာလုပ်ပြီးတော့ အချိန်က ည၁၀နာရီထိုးတော့မယ်။

အိပ်ချိန်ကိုရောက်ပြီဖြစ်တာကြောင့် စာအုပ်တွေသိမ်းပြီး မွေ့ရာပေါ်တက်လိုက်ပြီး တုံးခနဲ့လှဲပစ်လိုက်တော့ ပင်ပန်းတာတွေပျောက်သွားသလို။

မျက်လုံးလေးမှိတ်ပြီး ခဏလောက်ငြိမ်နေလိုက်တယ်။စာကြာကြာကြည့်ထားတာကြောင့် မျက်လုံးတွေက နည်းနည်းစပ်နေတာ။

အိပ်ချင်သလိုလိုကြီးစပ်နေတာ နေလို့မကောင်း။

ခဏလေး မှိတ်ထားလိုက်တော့ မျက်ရည်လေးတွေက စီးကျလာသေး။ လက်ညှိုးလေးနဲ့ အသာသုတ်ပြီး ငုတ်တုတ်ပြန်ထိုင်လိုက်တယ်။

နည်းနည်းနာနေတဲ့ ခြေထောက်ကို ကြည့်လိုက်တော့ ပတ်တီးလေးက နေရာယူထားတာ။

ဝမ်ရိပေါ် စည်းပေးသွားတဲ့ပတ်တီးကတော့ ရေချိုးတုန်းက ရေစိုသွားတာကြောင့် ကိုယ့်ဘာသာပဲ အသစ်ပြန်စည်းထားရတာ။

ဝမ်ရိပေါ်သိရင် ဆူဦးမလားမသိ။

ပတ်တီးစည်းထာတဲ့ ခြေမကို အသာထိကြည့်တော့ နည်းနည့်းပဲနာတော့တယ်။သိပ်မနာတော့ဘူး။

အရမ်းကြီးဖြစ်တာမှမဟုတ်တာ၊တကယ်ဆိုပတ်တီးမစည်းဘဲနဲ့တောင်နေလို့ရတာကို  ဝမ်ရိပေါ်က အပိုတွေသိပ်လုပ်။

မွေ့ရာပေါ် ဟိုလှမ့်ဒီလှိမ့်လုပ်နေရင်း အိပ်လို့မရသေး။ ညကျ ဖုန်းဆက်မယ်ပြောထားတော့ စောင့်နေရတယ်။

၁၀နာရီထိုးနေတာကို အခုထိမဆက်သေး။

ပက်လက်လေးလှဲပြီး မျက်နှာကျက်ကိုကြည့်ရင်း တောင်တွေးမြောက်တွေးလုပ်နေရင်း ဖုန်းသံကြောင့် ယူကြည့်လိုက်တော့ ဝမ်ရိပေါ်ပဲ။

video call ခေါ်တာဖြစ်လို့ ချက်ချင်း ထထိုင်ပြီး ဖွင့်လိုက်တော့ ဖုန်း screen ပေါ်မှာ ဝမ်ရိပေါ်ရဲ့ ပုံကပေါ်လာတယ်။

ဆံပင်တွေက ဖရိုဖရဲ နဖူးပေါ်ကျနေပြီး မျက်လုံးတွေက ထုံးစံအတိုင်းစူးရှနေတာ။

ဖုန်းထဲမှာတောင် ဝမ်ရိပေါ်က ကြည့်ကောင်းတုန်း။

"ဘာတွေကြည့်နေတာလဲ"

Bae ~Where stories live. Discover now