He is an ANGEL

53 3 0
                                    

"မမအာဘွားပေး"

"အာဘွား"
-
"နင်ဂိမ်းမဆော့သေးဘူးလား"

"ဆော့ဘူး မမနဲ့ပြောမှာ"
-
"ဘာလုပ်နေလဲ"

"မမနဲ့စကားပြောနေတယ်"
-
Yeah! သူနဲ့ကျွန်မနဲ့ရဲ့ တချို့ conversation လေးတွေပေါ့ အစကတော့ စိတ်လှုပ်ရှားတယ် ပျော်တယ်။နောက်ပိုင်းကျ စိတ်ပျက်စရာကောင်းလာတယ် ချစ်သူရည်းစားလဲမဟုတ်ပဲနဲ့ အဲ့လိုတွေပြောရတာ။
ဒါပေမဲ့ အမြဲတမ်းကြီးတော့ အဲ့လိုတွေမပြောဖြစ်ကြဘူးရယ်။များသောအားဖြင့်က ဟာသတွေပဲ ပြောနေကြတာ။တချို့ရက်တွေမှာတော့ ကျွန်မပြသနာတခုခုရှိရင် သူ့ကိုအကုန်ပြောပြတယ် သူကနှစ်သိမ့်ပေးတယ် သွယ်ဝိုက်ပြီးလဲ ဂရုစိုက်ပေးတတ်ပါတယ်။ကျွန်မက ရင့်ကျက်ပြီး ခပ်မာမာနေတယ်လို့ထင်ရပေမဲ့ အရမ်း emotional ဖြစ်တယ်။သူကတောင် ပြောဖူးတယ် ကျွန်မကို စကား စလာပြောပြောချင်းတုန်းက ချေပြီး သူ့ကို ပြန်မပြောလောက်ဘူး ထင်ခဲ့တာတဲ့။ခင်လဲခင်သွားရော ကျွန်မက အဲ့တုန်းက အသဲလဲကွဲကာစဆိုတော့ သူ့ကိုမူးရင် voice mail တွေပို့ပြီး ရစ်တာရစ်တာဆိုတာလေ သူ့အတွက် annoying ဖြစ်ခဲ့လားတောင်မသိ။ဖြစ်ခဲ့ရင်တောင် သူက အားနာတတ်တယ် ကျွန်မကိုဘာမှမပြောဘူးရယ်။
~

လမ်းရှင်းနေတုန်း အမြန်ဟိုဘက်ကူးပြီး ကားမှန်ကိုခေါက်လိုက်တယ်။သူက မှန်ချပေးပြီး "အမ ဝင်ခဲ့လေ လော့ချမထားဘူး" တဲ့။အပြင်မှာ ပုံတွေထဲကထက်တောင် ချစ်စရာကောင်းတဲ့ ကောင်လေးပါ။
သူ့ဆံပင်က နားရွက်အောက်နားထိရှည်ပြီး ပြေပြေလေးကောက်တယ် အညိုရောင်လဲဆိုးထားတယ်။
မျက်လုံးလေးက မမှေးမပြူးအနေတော်လေး။
သူ့နှာတံလေးက အချိုးကျကျဖြောင့်ပြီးမြင့်မြင့်
လေး။သဘောအကျရဆုံး သူ့နှုတ်ခမ်းလေးကတော့ ထူထူလေးပါ။

"Bonjour"

"ဟုတ်ကဲ့ အာ ခုနကမှအိပ်ယာထတာလား"

"အင်းပေါ့ ငါ့ပုံစံက သိသာနေလို့လား"

"ဒီတိုင်းပါပဲ"

ဒီတိုင်းပါပဲဆိုတာကတော့ သူ့ရဲ့ခံစားချက်တွေကို ဖုံးဖုံးပစ်တဲ့စကားတစ်ခွန်းပေါ့ သူအမြဲပြောနေကြ။
အခုလဲ သူကျွန်မကို ခေါင်းအစခြေအဆုံး တချက် show လိုက်ပြီးမှ မေးတာကို မသိတာကြလို့။လိုက်မကြည့် ဂရုမစိုက်တဲ့ပုံနဲ့ ဒီတိုင်းပါပဲတဲ့ ပြန်ဖြေတာ မုန်းစရာကောင်းချက်။

Olivia and Her Greatest BoyWhere stories live. Discover now