~A few months later~
Romantic City လို့ တင်စားကြတဲ့ Paris မြို့ရဲ့ မနက်ခင်းလေးမှာ Olivia တစ်ယောက်ကတော့ ပေါင်မုန့်ကြမ်းနဲ့ Croissant အနည်းငယ် ဝယ်ဖို့ အထီးကျန်စွာပဲ ထွက်လာလိုက်ပါတယ်။ဖုန်းထဲ Msg ရောက်လာလို့ ဖွင့်ကြည့်လိုက်တော့ ကိုက အိမ်ပြန်နောက်ကျမယ်လို့ ပို့ထားတဲ့စာ။ဒီရက်ပိုင်းတွေမှာ ကိုက ရာထူးတက်တော့မှာမို့ အလုပ်တွေကလဲ နဲနဲပိနေတဲ့အတွက် ကျွန်မတို့ မနက်စာလောက်ပဲ တူတူစားဖြစ်ကြတယ်။ကျန်တဲ့အချိန် ကျွန်မကလဲ ကို့အလုပ်တွေနဲ့ကိုယ် ပတ်ရှုပ်နေတာ။တခါတလေ သူအိမ်ပြန်လာတာတောင် မအား။ညဆိုလဲ ကိုကစောစောအိပ်ပျော်သွားရော။
ဒီနေ့တောင် တနေကုန် နားနားနေနေ အလေလိုက်မလို့ မနေ့ညထဲက အလုပ်တွေ လက်စဖြတ်ထားတယ်။ကျွန်မရဲ့ စိတ်ကူးထဲကအလုပ်လေး အကောင်ထည်ဖော်ဖြစ်တာ ၃ လလောက်ရှိပြီ။အခုဆို ကာစတန်မာ ဝယ်လိုအားကလဲ တဖြေးဖြေးတက်လာတယ်။Designer ကောင်မလေးကလဲ တော်တယ်။သူဆွဲပေးတာလေးက ရှင်းပေမဲ့ တခြား Brand တွေနဲ့ ကွဲထွက်တယ်။ပိတ်စရွေးတာလဲ တော်တယ် အဲ့ကောင်မလေးက။သူ့နာမည်က Niki တဲ့ ကျွန်မရဲ့ Manager နဲ့လဲ ဆက်ဆံရေးကောင်းတယ်။တစ်လကိုတခါတော့ သူတို့ ၂ ယောက်နဲ့ စားသောက်ဆိုင်ကောင်းကောင်းမှာ နေ့လယ်စာ သို့မဟုတ် ညစာဖြစ်ဖြစ် တူတူစားဖြစ်တယ်။လုပ်ငန်းတစ်ခုကို ဦးဆောင်ရတဲ့အခါမှာ Customer တွေအပေါ်တင် ကောင်းလို့မရဘူးလေ။လုပ်ဖော်ကိုင်ဖက်တွေအပေါ်လဲ ကို့အပေါ်မှာ သက်တောင့်သက်သာဆက်ဆံလို့ရအောင်ပဲ ကျွန်မ နေပါတယ်။
လမ်းရဲ့ တဖက်တချက်စီက ကော်ဖီဆိုင် အသေးလေးတွေ၊ Flower Shop တွေနဲ့ လူတွေပြည့်နေတဲ့ စားသောက်ဆိုင်လေးတွေကနေ မနက်ခင်းစကားဝိုင်းတို့ရဲ့ စကားပြောသံတွေ စုံလင်အောင် ကြားနေရတာပေါ့။ဓာတ်တိုင်မှာ ရပ်ပြီး ဆေးလိပ်သောက်နေတဲ့ လူငယ်လေးတချို့ကလဲ ကျောင်းပိတ်ရက်မှာ ဘယ်သွားမယ်ဘာလုပ်ကြမယ် Plan ချနေပုံ။အလုပ်သွားတဲ့ လူတချို့ကလဲ ပြာယာခတ်မနေဘဲ အေးအေးဆေးဆေး အပြန်အလှန်တောင် နှုတ်ဆက်လိုက်ကြသေး။ကောင်မလေးတစ်ယောက်ကတောင် ကျွန်မကို လမ်းလျှောက်ရင်း ပြုံးပြသွားသေးတယ်။ထူးထူးဆန်းဆန်း ဒီနေ့မနက်မှာမှ စိတ်ခံစားချက်ကအရမ်းကောင်းနေတယ်။
ဝယ်နေကြ Bakery ဆိုင်ရောက်တော့ လိုတာဝယ်ပြီး Cupcake လေးတွေပါတွေ့လို့ သဘောကျတာနဲ့ ဝယ်လာလိုက်တယ်။အပေါ်က cream က အသဲပုံ ပုံစံလုပ်ထားပြီး အပြာနုရောင်စက္ကူခွက်လေးနဲ့။
ဆိုင်ရှင်က တစ်ခုပိုထည့်ပေးလိုက်လို့ ပျော်ရသေးတာ။
YOU ARE READING
Olivia and Her Greatest Boy
Romantizmမျှော်လင့်ခဲ့ရတဲ့ ဒီလိုအခိုက်အတန့်က ခုလို နှစ်ရှည်ကာလများစွာ ကြာမှာမှန်းသာ ကြိုသိခဲ့ရင်လေ သူ့ကိုပဲ သေချာ စောင့်နေခဲ့မိမှာပါ။အရမ်း သဘောကျရတာမို့ ဒီကောင်လေးကိုလေ အရမ်းအရမ်းကို သဘောကျခဲ့မိတာမို့...။