အမည်မသိကောင်လေးတစ်ယောက်ရဲ့ကောင်းမှုနဲ့ အထုပ်တွေသယ်ရတာ မပင်ပန်းခဲ့ဘူး။သူက Hotel အခန်းရှေ့ထိ သယ်လာပေးတယ်။ကျွန်မကလဲ ကျေးဇူးတင်စကားပြောပြီးရော သူလဲပြန်သွားရောပဲ။တော်တော် သဘောကောင်းတဲ့လူ။
အခန်းထဲဝင်လိုက်ပြီး အထုပ်တွေချပြီးတော့ ခြေဆေးလက်ဆေး/မျက်နှာသစ်ပြီး ညဝတ်လဲလိုက်တယ်။ဒီညတော့ တီတီတို့ထည့်ပေးလိုက်တဲ့ ဟာလေးတွေနဲ့ ထမင်းဖြူနဲ့ စားရမယ်။ထမင်းကို ဒီညစားဖို့အတွက် ထည့်ပေးလိုက်တာဆိုတော့။
"လာပါပြီ ဆော့ပြီးပါပြီ" (12:45 PM)
"Deli လဲမဖြစ်ဘူး နေ့လည်စာကော စားပြီးပြီလား"
(1:30 PM)"လိုင်းလဲမတက်ဘူး ဇာတ်ကားကြည့်နေတာလား"(2:57 PM)
အခုဖုန်းကနာရီကြည့်လိုက်တော့ ညနေ ၆ နာရီ ၃၅ ရှိနေပြီ။၃ နာရီနောက်ပိုင်းတော့ Christian စာဆက်မပို့ထားဘူး။
"အမျိုးအိမ်သွားနေလို့ ခုမှပြန်ရောက်တာ"
"အာ ပြောလဲမပြောသွားဘူး"
စာကချက်ချင်းတန်းဝင်လာတယ်။တကယ်တော့ ကျွန်မတို့ ဘာလုပ်လုပ်တစ်ယောက်နဲ့တစ်ယောက် အသိပေးလေ့ရှိတယ်။
"ဟဲဟဲ အလျင်စလိုဖြစ်သွားလို့ပါ"
"ညစာကော ဟိုတယ်မှာစားမှာလား"
"ရတယ် စားစရာတွေထည့်ပေးလိုက်တယ်"
"ပြီးရော အဲ့ဆိုလဲ စားစား"
"Yes စားလိုက်ပါဦးမယ်"
"ဟုတ်ကဲ့ပါဗျာ"
ထမင်းစားရင်းနဲ့ customer တွေကို ထိုင် reply နေလိုက်တာ ၈ နာရီတောင် မက်တင်းသွားတယ်။
အဲ့တာနဲ့ စားလက်စတွေရှင်းလင်းပြီး အကျောဆန့် အနားယူဖို့ ကုတင်ပေါ်ပဲလှဲနေလိုက်တော့တယ်။
မျက်လုံးလေးမှိတ်ကာရှိသေး ဖုန်းဝင်လာတယ်။Christian စီက...
"အင်း"
"ဘာလုပ်နေလဲ အားလား"
"အားတယ် ပြောလေ"
"ဒီတိုင်းပဲ ပျင်းလို့"
"ဂိမ်းမဆော့ဘူးလား"
"ဆော့မှာ မဆော့ခင်မမနဲ့အရင်ပြောမလို့"
YOU ARE READING
Olivia and Her Greatest Boy
Romanceမျှော်လင့်ခဲ့ရတဲ့ ဒီလိုအခိုက်အတန့်က ခုလို နှစ်ရှည်ကာလများစွာ ကြာမှာမှန်းသာ ကြိုသိခဲ့ရင်လေ သူ့ကိုပဲ သေချာ စောင့်နေခဲ့မိမှာပါ။အရမ်း သဘောကျရတာမို့ ဒီကောင်လေးကိုလေ အရမ်းအရမ်းကို သဘောကျခဲ့မိတာမို့...။